Part3

2.7K 354 26
                                    

'ချာတိတ်၊လာကြိုရင် အဆာ​ပြေစားဖို့ မုန့်ဝယ်ခဲ့မယ်၊စားချင်တာရှိရင်​​ပြောထား​​​နော်'

စာသင်တာလိုက်နား​ထောင်ရင်း ဖုန်းမှန်ပြင်မှာ ​​ပေါ်လာသည့် စာ​ကြောင့် ပြုံးချင်ချင်ဖြစ်လာသည့် မျက်နှာကို မနည်းဘရိတ်အုပ်ထားရသည်။
​သူအားတဲ့ရက်​တွေဆို အပို့အကြိုလုပ်​ပေးမယ်လို့ ​ပြောထားသူက မနက်မအားရင်​တောင် ည​နေ ​ကျောင်းဆင်းချိန်အမီ ​ကျောင်း​ရှေ့ကို ​ရောက်လာတတ်သည်။
ကလပ်သွားရင်လည်း သူပဲလာ​ခေါ်ကာ အိမ်ကိုလည်း သူပဲပြန်လိုက်ပို့​ပေး​သည်။​
ကိုယ်မ​ပေးနိုင်​သေးတဲ့အ​ဖြေကိုလည်း အတင်းမ​တောင်းဘဲ ဒီအတိုင်း ကိုယ့်အလိုကိုလိုက်ရင်း ​ဘေးမှာ​နေ​ပေး​နေတာကလည်း ဒီလူကြီးကို သူပိုပိုပြီး ငြိတွယ်​နေရတဲ့အချက်​​တွေထဲက တစ်ခုပါပဲ။

ရှိန်းဟာ အ​ပေါ်ယံမှာ ​​ဘာမှမ​ပြောင်းလဲသည့် ​ကောင်​လေးတစ်​ယောက်လိုဖြစ်​နေ​ပေမဲ့ အတွင်းစိတ်ဟာ​တော့ ခဲမှန်ဖူးသည့်စာသူငယ်လိုပင်ဖြစ်သည်။
သူ လင်းရိပ်ကို ရူးသွပ်စွာသ​ဘောကျခဲ့သည်၊လင်းရိပ်မကြိုက်မှန်းသိတာ​တောင် ​တောက်တဲ့လို ကပ်တွယ်ခဲ့သည်။​​နောက်ဆုံး သူငယ်ချင်း​တွေ ​မြှောက်​ပေးတာကို လက်ခံပြီး သူ့ခန္ဓာကိုယ်ကိုပါ လင်းရိပ်ဆီအပ်နှင်းဖို့ ကြိုးစားခဲ့​သေးသည်။
ဟိုတယ်က တစ်​​ယောက်တည်းပြန်ထွက်လာရချိန်မှာ သူဝမ်းနည်းရသလို၊​နောင်တလည်းရသည်။အဆိုးဆုံးက​တော့ night lifeအသိုင်းအဝိုင်းမှာ ထိုကိစ္စကနာမည်ကြီးပြီး သူ့ကို ထိုကိစ္စ​ကြောင့် ပတ်သက်ဖို့ ချဉ်းကပ်လာ​တာ​တွေပဲဖြစ်သည်။ဒါ​တွေကို အ​ကြောတင်းတင်းနဲ့ ဘာမှမဖြစ်သလို​နေပြရင်း ​ကျော်လွှားခဲ့​ပေမဲ့ အခန်းထဲမှာ တစ်​ယောက်တည်း ဝမ်းနည်းပက်လက်ငိုခဲ့ရသည်။ကိုယ့်ကိုမချစ်တဲ့သူတစ်​ယောက်ကို ပြန်ချစ်လာနိုး တွယ်ကပ်ရင်း အရှုံး​တွေချည်းသာ ရခဲ့သည်။
​အ​ပျော်တွဲမှန်းသိ​ပေမဲ့ သ​ဘောကျစိတ်နဲ့ ​လောဘတက်ခဲ့မိတာဟာ သူ့အမှားမို့ ​နောက်တစ်ကြိမ်ထပ်မမှား​​အောင်သာ သူဆင်ခြင်ခဲ့သည်။
လာပတ်သက်သမျှလူတိုင်းသည် သူ့ကို အ​​ပျော်ကြံမှာဆိုတဲ့စိတ်နဲ့ ဘယ်သူ့ကိုမှ မယုံရဲခဲ့တာ​တွေဟာ ဒီလူကြီးအ​ပေါ်မှာ​တော့ ဖြည်းဖြည်းချင်း ​​လျော့ပါးလာသလိုခံစားရသည်။သူ့နှုတ်ထွက်စကားတိုင်းကို ​သေချာမှတ်ထားပြီး အားလုံးဖြည့်ဆည်း​ပေးတတ်သူကို သူလည်း တဖြည်းဖြည်း ငြိတွယ်လာမိ​နေတာပဲ ထင်ပါရဲ့။

ပင်လယ်​ပျော်၏ချစ်ပုံပြင်(Completed)Where stories live. Discover now