Hello my vitamins,ကျွန်တော်ဟာ sunsun Fanfic တွေကို ရေးတဲ့ San Htarni (စံဌာနီ) ပါ...
အခု လက်ရှိမှာ " လွန် " ဆိုတဲ့ (sunsunjay) Fic လေးကိုရေးနေတဲ့သူလဲ ဖြစ်ပါတယ်...
တခြား OTP တွေကို ရေးဖို့ မစဉ်းစားဖူးပေမယ့်
ARMY Fandom ထဲက admin တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ညီမက " လွန် " ကို BTS maknae line သုံးယောက်နဲ့ Vminkook version လေးအဖြစ်ထပ်အသက်သွင်းဖို့ တောင်းဆိုအကြံပေးမှုကြောင့်ရော
ကျွန်တော်ကိုယ်တိုင်ကလည်း Vminkook maknae trio လေးကိုသဘောကျတာရောကြောင့် " လွန် " လေးကို Vminkook version လေးနဲ့ ပြောင်းလဲရေးသားဖို့ဆုံးဖြတ်လိုက်ရခြင်းပါ ။ဒီလို ဆုံးဖြတ်ရတာမှာလဲ ဖိအားတွေတော့ တော်တော်များပါတယ်။ ဘာလို့ဆို နယ်ပယ်ကျယ်ပြန့်လွန်းတဲ့ senior group က ဇာတ်ကောင်တွေကို ဖန်တီးရမှာဆိုတော့လေ။
ကိုယ်တိုင်က လက်သစ် လက်သင် Author ပေါက်စဆိုတော့ တာဝန်ယူမှုအပိုင်းတွေမှာ ပေါ့လျော့သွားမှာလဲ အတော်လေး စိုးရိမ်ပါတယ်။
ဒါပေမယ့် စတင်လိုက်ဖို့ ဆုံးဖြတ်ပြီးရင်တော့ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ ကြိုးစားရေးပြီး အဆုံးထိရောက်အောင် သွားမှာပါပဲ။
စာဖတ်သူတွေကို ဒီနေရာကနေ တောင်းဆိုချင်တာလေး တစ်ခုကတော့ ဇာတ်ကောင်တွေကို အပြင်လောကနဲ့ ယှဉ်တွဲမကြည့်ဖို့ပါပဲ...
စိတ်ကူးယဉ်ဇာတ်လမ်းတွေ ဖြစ်တာကြောင့် စာရေးသူရဲ့ စိတ်ကူးယဉ်မှုသာ ဖြစ်တာကြောင့် ဘယ်လိုအငြင်းပွားမှုမျိုးမှ မဖြစ်ကြဘဲ ဇာတ်လမ်းလေးအတိုင်းပဲ လိုက်ပါ စီးမြောကြစေလိုပါတယ်။
ဒီ vminkook version ဖြစ်တဲ့ " လွန် " ထဲကို ရောက်လာကြမယ့် စာဖတ်သူလေးတွေကို တစ်ခု ကြိုတင်ပြောပြထားချင်တာကတော့ sunsunjay version နဲ့ ရေးနေတဲ့ '' လွန် " နဲ့ တစ်ထပ်ထဲ ချွတ်စွတ်ကြီး တူနေမှာ မဟုတ်ဘူး ဆိုတာပါပဲ။
ဇာတ်ကောင်တွေရဲ့ character တွေ ပီပြင်အောင် ကျွန်တော် ပြောင်းလဲသင့်တဲ့ နေရာတော်တော်များများကို ပြောင်းလဲ ရေးသားသွားမှာပါ။
