💜 27.1 💜
ဒေါက် ဒေါက် ဒေါက်" သားလေးရေ... Jimin... သား တံခါးခဏဖွင့်ပါကွယ် "
" လာပြီ မေမေ "
Jimin အခန်းထဲမှာ စိတ်ညစ်ညစ်နဲ့ အိပ်နေရာမှ မေမေ့ခေါ်သံကြောင့် တံခါးကို ဖွင့်ပေးလိုက်တော့
" သားလေး... အောက်မှာ CEO ရောက်နေတယ် "
" ဘာလုပ်မလို့တဲ့လဲ "
" ဒါတော့ သူပြောမှ သိရမှာပဲ... လာခဲ့ဖို့ ခေါ်နေတယ် ပြောစရာရှိတယ် တဲ့ "
" ဟင်းးး အရာရာ သူ့သဘောအတိုင်း အားလုံး လုပ်နေတာပဲ သား ကို ခေါ်ပြောစရာ လိုသေးလို့လား "
" ဘာပဲဖြစ်ဖြစ် ဆင်းလာခဲ့လိုက်ပါ သားရယ်.... အေးအေးဆေးဆေး ပြီးသွားအောင်လို့ "
" ပြီးရော မေမေရာ...ဒါဆိုလဲ သား သွားလိုက်မယ် ''
မေမေ့ကို ချန်ထားခဲ့ပြီး Jimin အောက်ထပ်ကို အိမ်နေရင်း ဖရိုဖရဲ ပုံစံနဲ့သာ ဆင်းလာခဲ့လိုက်သည်။
မျက်နှာချင်းမဆိုင်ချင်ပါဘူးဆို အဲ့လူကြီးကို...
ဒီရက်ပိုင်းတွေမှာ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး Jimin ဘယ်လောက်ငြင်းငြင်း ယောင်းဟာ သူ့သဘောအတိုင်းသာ အကုန်လုပ်နေတာ။
ကျောင်းလဲ လုံးဝမတက်ရတော့တာ သေချာသလောက် ရှိနေပေပြီ။
ရသလောက်တော့ ညှိနှိုင်းကြည့်ရမှာပဲ သူ ကျောင်းလေးတော့ ပြီးအောင် တက်ချင်သေးသည်လေ...
" ကျွန်တော့်ကို ဘာပြောမလို့ခေါ်တာလဲ ယောင်း "
လှေကားက ဆင်းလာကတည်းက သူ့ကို မျက်တောင်မခတ်လှမ်းကြည့်နေတဲ့ ယောင်း ရဲ့ ရှေ့မှာ သူ ဆောင့်အောင့်ထိုင်ချလိုက်ပြီး မေးလိုက်တော့
" မျက်နှာလေး ချောင်ကျသွားတယ်... အစားကောင်းကောင်း မစားဘူးလား ဘေဘီ "
" ဒါ မေးမလို့ခေါ်တာဆို သွားလိုက်ပါအုံးမယ် "
" ကိုယ့်ကို ဂျစ်မနေနဲ့တော့ ဘေဘီ... မင်း ဒီလိုတွေ လုပ်နေလဲ ဘာမှ ထူးလာမှာ မဟုတ်လို့ "
