💜 14 💜
" ကူး ကျွန်တော့်ကို ဘာပြောလိုက်တယ်"
" Angel !!! "
မျက်ဝန်းထဲက အရိပ်ကလေးတွေ ရုတ်တရက် စိမ်းသက်သွားတာကြောင့် Jungkook အလန့်တကြား ခေါ်လိုက်မိတယ်။ ဘာကြောင့် ဒီ ကြည်ကြည်လင်လင် မျက်ဝန်းလေးတွေ အရောင်ပြောင်းသွားခဲ့ရတာလဲ...
" ကူး ကျွန်တော့်ကို ဘာပြောလိုက်တာလဲ လို့ မေးနေတယ်လေ "
ကျွန်တော်တို့တွေ့တိုင်း အမြဲ ပြုံးယောင်သန်းနေတတ်တဲ့ မျက်နှာနုနုလေးက နီရဲလာကာ မျက်မှောင်လေးတွေ တွန့်ကျုံ့လို့ လေသံမာမာလေးနဲ့ ထပ်မေးလိုက်တဲ့ ခဏ Jungkook အထိတ်ထိတ် အပြာပြာ ဖြစ်သွားခဲ့ပြီး
" Angel... Angel ကိုယ် ကိုယ်လေ ဟို... ရုတ်တရက် ရုတ်တရက်ကြီး လွှတ်ခနဲ ထွက်သွားလိုက်မိတာ Angel ရယ်... မရည်ရွယ်ဘူး... ဒီလို အခြေအနေကြီးနဲ့ ဖွင့်ပြောဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး "
" ကျွန်တော် နားကြားမှားတယ် ထင်လိုက်တာလေ... ဒါ တကယ်ကြီး ကြားလိုက်တာပေါ့ "
" ဟုတ်ပါတယ် Angel... Angel ကြားလိုက်တာ ကိုယ့်ရင်ထဲက စစ်မှန်သော စကားတွေပါ... ကိုယ် Angel ကို ချစ်တယ် Angel ရယ်... နက်နက်ရှိုင်းရှိုင်းနဲ့ကို ချစ်နေမိပါတယ်..."
အံ့သြတုန်လှုပ်သွားပြီး မယုံကြည်နိုင် ဖြစ်နေတဲ့ အဖြူရောင်လေးရဲ့ ရှေ့မှာ သွေးရူးသွေးတန်းနဲ့ ဖြေရှင်းချက်တွေ ပေးနေတဲ့ Jungkook ....
သူ အကြောက်ဆုံးက သူ့အချစ်တွေကို ပေါ့ပေါ့တန်တန်တွေးလိုက်မှာကိုပဲ...
သူ့အချစ်တွေ မလေးနက်ဘူး ထင်လိုက်မှာကိုပဲ...
" ကျေးဇူးပြုပြီး ယုံကြည်ပေးပါ Angel ရယ်... ကိုယ် Angel ကို ဟိုး ငယ်ငယ်လေး ကတည်းက ချစ်နေမိတာပါ ... ငယ်သေးတဲ့အရွယ်မှာ ဒီခံစားချက်တွေက ဘာဆိုတာ မသိသေးပေးမယ့် အရွယ်ရောက်လို့ ချစ်တတ်လာတဲ့ အချိန်မှာ Angel အပေါ်ထားတဲ့ သံယောဇဉ်ဟာ အချစ်လို့ ကိုယ် သေချာသိသွားခဲ့တာပါ "
