💜 25 💜
" ယောင်း~~"
" ခုချိန်မှာ ကိုယ့်ကို ဘာ စကားမှ မပြောတာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ် ဘေဘီ "
အပေါ်ကုတ်ကို ချွတ်ကာ ကုတင်ပေါ် လှမ်းပစ်တင်ပြီး Necktie ကို ဆွဲဖြုတ်၍ ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေတဲ့ ယောင်း...
အပြင်က ပြန်ရောက်ကတည်းက " နောက်က လိုက်ခဲ့ " လို့ တစ်ခွန်းထဲသာ ပြောကာ အခန်းထဲထိ တောက်လျှောက်ဝင်သွားပြီး သူ့ကို လှည့်လဲမကြည့်သလို စကားလဲ တစ်ခွန်းမှ ထပ် မပြောတော့ဘဲ လုပ်စရာရှိတာတွေကိုသာ အေးအေး ဆေးဆေး လုပ်နေလေသည်။
ကားပေါ်မှာတုန်းကလဲ ဘာ တစ်ခွန်းမှ မဟခဲ့...
ဒီလို တိတ်ဆိတ်နေတာကြီးက ပို၍ပင် ကြောက်စရာ ကောင်းနေလေသည်။
မုန်တိုင်းမလာခင် လေငြိမ်နေတဲ့သဘောကြီး။
ယောင်း မျက်နှာမှာ ဒေါသအရိပ်အယောင်တို့ ကင်းစင်နေပေမယ့် တည်တင်းအေးစက်နေမှုကတော့ တစ်စက်ကလေးမှ လျော့မသွား။
နှစ်ယောက်တည်းရှိနေတဲ့ အိပ်ခန်းကျယ်ကြီးထဲမှာ ယောင်း လှုပ်ရှားရာမှ ပေါ်ထွက်လာတဲ့ အသံတွေကလွဲ တိတ်ဆိတ်လို့...
Jimin မှာလဲ ယောင်း ဘာပြောလာမလဲ စောင့်ရင်း ရင်တထိတ်ထိတ်။ ယောင်း ရဲ့ မျက်နှာ အရိပ်အကဲကိုသာ မပြတ်လိုက်ကြည့်နေမိပြီး Aircon ခန်းအေးစိမ့်စိမ့်ထဲ ချွေးစို့နေရပြီ။
တော်တော်ကြာတဲ့အထိ ဘာမှ ပြောမလာလို့ ကိုယ့်ဘက်က စ ခေါ်လိုက်တော့လဲ ဘာစကားမှ မပြောတာ ကောင်းလိမ့်မယ်တဲ့...
ထို့ကြောင့် သူ ဘာမှ ထပ်မဟတော့ဘဲ နေရာမှာသာ ခြေစုံရပ်ရင်း ယောင်း ပြောလာမယ့် စကားတွေ၊ ပေးလာမယ့် အပြစ်ဒဏ်တွေ အတွက် စိတ်ကို ပြင်ဆင်ပြီးသာ စောင့်နေလိုက်မိတော့သည်။
ကိုယ့်အပြစ်နဲ့ကိုယ်မို့ ပေးလာသမျှ အပြစ်ဒဏ်ကို ခံယူနိုင်ပါသည်။