💖 Group ထဲမှာပဲ တင်ဖို့ရေးထားတာပေမယ့် ဒီထဲက Vitamin လေးတွေကိုလဲ သိစေချင်လို့ပါ။ အကုန်လုံးကတော့ gp ထဲကနေမှ ကျွန်တော့် Fic ကိုသိပြီး ရောက်လာကြတဲ့ သူတွေချည်းပါပဲနော်။ တချို့လဲ gp ထဲမှာ တွေ့ခဲ့ပြီးသား ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် feedback လေးတွေ ကြားချင်လို့ တင်လိုက်တယ်နော် သေချာလေး ဖတ်ပြီး feedback လေးတွေ ပေးကြပါအုံး 💖
// စာလေးကို အဆုံးထိ ဖတ်ပေးစေချင်ပါတယ်ဗျ //
Hello my Vitamins 💜...
ကျွန်တော် တစ်ခေါက်ရောက်လာပြန်ပြီ ချစ်သောတို့ရေ ...
စကားလေးနည်းနည်း လာပြောတာပါဗျ။
ဘာလို့ဆို gp ထဲက ကျွန်တော့် Vitamin လေးတွေရဲ့ Feedback လေးတွေကို ဖတ်မိတော့ ဒီစာလေးကို ရေးမှ ဖြစ်တော့မယ်လို့ စိတ်ကူးမိလိုက်လို့ပါ။
ကျွန်တော့် Fic လေးကလေ... Ro တာမှ ကြိုက်ပါတယ်ဆိုတဲ့ reader လေးတွေအတွက်၊ Main Couple နှစ်ယောက်ကို အမြဲတမ်း တွေ့ပေးနေမှ ကြိုက်ပါတယ်ဆိုတဲ့ reader လေးတွေအတွက် ဖတ်ရတာ တော်တော့်ကို အဆင်မပြေမယ့် Fic ကြီးဗျ။
အသည်းနုပြီး စိတ်မခိုင်တဲ့သူလေးတွေအတွက်ကျပြန်တော့လဲ တော်တော့်ကို ခါးသက်နေမယ့် Fic ကြီးပေါ့ဗျာ။
အဲ့အတွက် ဆေးခါးကြီး လာကျွေးမိလို့လဲ တောင်းပန်ပါတယ်ပေါ့ 😁။ပြောရရင်တော့ ကျွန်တော့် Fic လေးက နှစ်ချို့ဝိုင်တစ်ခွက်ကို သောက်ရသလိုပေါ့။ ပြင်းရှရှလေးတော့ နိုင်လိမ့်မယ်။
စပြီး ဇာတ်အိမ်တည် ကတည်းက မတူညီတဲ့ အင်အားတွေချင်း ပြိုင်ဆိုင်ကြတဲ့ ဇာတ်ကိုးးး။အလွှာမတူတဲ့ နေရာကလာတဲ့ ဇာတ်ကောင်သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားတာလေ။ အဲ့တော့ ဘယ်လိုနည်းနဲ့မှ ဖတ်ရတဲ့ သူတွေ သွားကြီးဖြီးပြီး ဖတ်မနေရမှာတော့ အသေအချာပဲ။
စ လယ် ဆုံး ချိုနေဖို့ဆိုတာကလဲ သဘာဝမဆန်တဲ့ entertainment Fic တွေမှာပဲ ရှိနေမှာလေ။ ကျွန်တော် ဖန်တီးထားတဲ့ " လွန် " လေးကကျ သဘာဝဆန်ဆန် လက်တွေ့ကျကျ လက်တွေ့ဘဝမှာ ဖြစ်ပျက်နေနိုင်တာမျိုးကို ရေးခြစ်ထားတာမို့ ဖတ်ရတဲ့ သူတွေအတွက် ခံစားချက် အတက်အကျတွေရှိနေနိုင်တာပေါ့။
