💜 4 💜
မနက်စာ ထမင်းဝိုင်းမှာ မေမေရယ် ကျွန်တော်ရယ် ညီမလေးရယ်တူတူထိုင်နေကြရင်း မစားသေးဘဲ ကျွန်တော်တို့အိမ်ရဲ့ အိမ်ထောင်ဦးစီးဆိုသူကို စောင့်နေကြရသည်။
ဒီလိုပါပဲ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ မေမေနဲ့ကျွန်တော်က သူပြီးမှ ပြီးရတာတွေ... သူ ခွင့်ပြုမှ လုပ်ရတာတွေ... တစ်ခါတစ်ခါ ငါ အိမ်ထောင်ဦးစီးပဲဆိုပြီး သူ လုပ်ချင်ရာ လုပ်သွားတာတွေကို ပြန်တွေးမိရင် ရင်ဘတ်ထဲက နာနာလာတယ်။
ဖေဖေထားခဲ့တဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်စုံခဲ့တဲ့ ကျွန်တော်နဲ့မေမေ့ ဘဝထဲကို အရွယ်မရောက်သေးတဲ့ သားတစ်ယောက်နဲ့ လည်လည်ဝယ်ဝယ်မရှိတဲ့ တစ်ကောင်ကြွက် မေမေက အားကိုးရှာတဲ့ အနေနဲ့ နောက်အိမ်ထောင်ပြုလိုက်တော့ ကျွန်တော်နဲ့ မေမေ မှီခိုလို့ရပြီ ထင်ခဲ့တာပေါ့။
ဖေဖေ့စည်းစိမ်တွေပေါ် အခန့်သားထိုင်ကာ သူပဲ စီမံ သူပဲ ခန့်ခွဲပြီး စည်းစိမ်တွေဟာ တိုးမလာတဲ့အပြင် ယုတ်လျော့ ယိုင်နဲ့လာတဲ့ အချိန်မှ ကျန်းမာရေးမကောင်းတဲ့ ညီမလေးက လူ့လောကထဲ ရောက်လာခဲ့တော့ အရာရာဟာ ယိုယွင်းပျက်စီးလာခဲ့ရတယ်။
အဟင်း...အိမ်ထောင်ဦးစီးဆိုတဲ့ လူကြီး ဦးစီး ဦးဆောင်မှုတွေ ကောင်းခဲ့လို့ပေါ့။
အခုလဲ ယောင်း ရဲ့ ပံ့ပိုးမှုတွေနဲ့ ပြန်လည်ဦးမော့လာခဲ့ရတဲ့ အိမ်ရဲ့ စီးပွားရေးကို သူကပဲ စွမ်းစွမ်းတမံ ဆောင်ရွက်လို့ အောင်မြင်လာရသလိုနဲ့ တစ်အိမ်လုံးအပေါ် သြဇာအာဏာတွေ ပေးနေတာ မပြီးနိုင်တော့။
စောင့်နေရတာ ကြာလာတော့ Jimin စိတ်မရှည်ချင်တော့။ လက်က နာရီလေးကို ကြည့်လိုက်တော့ ပုံမှန် မနက်စာ စားချိန်ထက် အတော်လေးကို ကျော်လွန်နေလေပြီ။ ထို့ကြောင့်
" မနက်စာ စားဖို့အချိန် အရမ်းနောက်ကျနေပြီ မဟုတ်ဘူးလား မေမေ...သားတို့ ဒီအချိန်ထိ ထိုင်စောင့်နေဖို့ လိုလို့လား "
" သား အဖေ မနေ့ညက အလုပ်လုပ်တာ ညနက်သွားလို့ပါ သားရဲ့... မေမေ နှိုးခဲ့ပါပြီ... ခဏနေ လာပါလိမ့်မယ် "