💜 3 💜
ဗုန်းးး
ဖပ် ဖပ် ဖပ် ဖပ်
ဗုန်း ဗုန်းး
ဝှစ်...ဝှစ်..ဝှစ်
အားကစားရုံထဲမှ အဆက်မပြတ်ကြားနေရသော လေ့ကျင့်သံများ...
အားပြင်းလှသော လက်သီးထိုးချက်တွေဟာ Heavy bag ပေါ်ကို တရစပ် ကျရောက်နေပြီး တစ်ချက်တစ်ချက် ရောက်ရောက်လာတဲ့ ခြေကန်ချက်ပြင်းပြင်းတွေကြောင့် Heavy bag ဟာ ယိမ်းထိုးလှုပ်ခါနေပြီး ငြိမ်နေချိန်ပင် မရခဲ့။
ပင့်လက်သီး၊ ဝိုက်လက်သီးတွေ အဆက်မပြတ်ပစ်သွင်းလိုက်ပြီး ညာခြေတစ်ဖက် နောက်ပြန်ကန်ချက်မှာ ပေါက်ထွက်သွားသော Heavy bag ကြီး...
ထိုအချင်းအရာကို ကြည့်ပြီး သဘောကျဟန်ဖြင့် အောက်နှုတ်ခမ်းပါးကို လျှာနဲ့တစ်ချက်သပ်၍ ပြုံးပြုံးကြီး စိုက်ကြည့်နေတဲ့ Jeon Jungkook...
မြင့်မားတဲ့ အရပ် ဖွံ့ထွားတဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်စွာ ကျစ်လစ်ဖုထစ်နေတဲ့ ကြွက်သားစိုင်ကြီးတွေဟာ မြင်ရသူအပေါင်းတို့ အားကျဖွယ်ရာ...
ကြွက်သားတို့ဖြင့် မို့မောက်နေတဲ့ ရင်အုပ်ကျယ်ကြီးနဲ့ လိုက်ဖက်စွာ တုတ်ခိုင်တဲ့ လက်မောင်းကြီးတွေဟာလဲ တစ်တစ်ရစ်ရစ်...
လက်ဖျံရိုးတစ်လျှောက် ယှက်ဖြာနေတဲ့ သွေးကြောစိမ်းကြီးတွေဟာလဲ ထင်ထင်ရှားရှား....
အားသွန်ခွန်စိုက် လေ့ကျင့်ထားမှုကြောင့် ချွေးတို့နဲ့ စိုကပ်နေတဲ့ စွပ်ကျယ်ချိုင်းပြတ် အောက်မှာ အတိုင်းသား မြင်နေရတဲ့ ခန္ဓာကိုယ်ကြီးဟာ ယောကျာ်း မိန်းမ အပေါင်းတို့ရဲ့ အာရုံတွေကို ဆွဲဆောင်ရာ တမျိုး...
ချွေးတို့နဲ့ ပြောင်လက်နေတဲ့ အသားအရေပေါ်မှာ စီးကျနေတဲ့ ချွေးစက်တို့က ဒီလူသားရဲ့ ခန္ဓာကိုယ်ပေါ်မှာမို့ အနုပညာမြောက်စွာ...
" yarr.. Jeon Jungkook... မင်း ဖောက်လိုက်ပြန်ပြီလား အိတ်တွေကိို "
![](https://img.wattpad.com/cover/341690258-288-k313101.jpg)