💜 31 💜
" ဒါ ဘာ စကားလဲ အတွင်းရေးမှူး Jin!!! "Jin hyung ပြောလိုက်တဲ့စကားမှာ သူများ နားကြားလွဲတာလား...
Jin hyung ပဲ အပြောလွဲသွားတာလား...
သူ ပြန်မေးလိုက်တော့ ပြောလာတဲ့ စကားဟာ တစ်ပုံစံထဲ...တစ်ထေရာထဲ... ဒီစကားပဲမို့ ... လွဲမှားမှုမရှိ။
မဖြစ်နိုင်လိုက်တာ...
ဒါ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ စကားတွေလဲ...
" ဟုတ်တယ် CEO... CEO ရဲ့ အဖေ ကိုယ်တိုင် ရုံးချုပ်က ဖုန်းကို ဆက်သွယ်လာခဲ့တာ "
" ကျစ်! ... ကျွန်တော် ခုတလော စိတ်တွေ ရှုပ်နေခဲ့တာနော် hyung... ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောပြီး ကျွန်တော့််ကို ပိုပြီးအာရုံနောက်အောင် မလုပ်ပါနဲ့ "
" CEO တစ်ခုခုတော့ ပြန်ဖြေပေးသင့်တယ် မဟုတ်ဘူးလား... ခဏတိုင်း ဆက်သွယ်နေတော့လေ... "
" hyung !!!! hyung ကျွန်တော်နဲ့ လက်တွဲလာတာ အချိန်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ... ကျွန်တော့်အကြောင်း အစအဆုံး hyung မသိတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဒီစကားမျိုးတွေ ပြောနေရတာလဲ "
" ဘာပဲဖြစ်ဖြစ် အဖေလေ CEO... သူ့ဘက်က စပြီး ဆက်သွယ်လာတာကို ကိုယ်က လျစ်လျူရှုလို့ ကောင်းပါ့မလား... "
" ကောင်းတယ်!! သိပ်ကို ကောင်းတယ်!! ... hyung ပြောကြည့်ပါအုံး... သူ့ကို လျစ်လျူမရှုရမယ့် အကြောင်းအရာလေး... hyung ကျွန်တော် လက်ခံလာအောင် ပြောနိုင်ရင် ကျွန်တော် သူတို့ ဆက်သွယ်တာကို လက်ခံပေးမယ် "
ထိုင်နေရာမှ ထလိုက်ပြီး စားပွဲကို လက်နှစ်ဖက်ထောက်၍ သူ့ ကို တည့်တည့်ကြည့်ပြီး မေးလာတဲ့ CEO ရဲ့ အမေးစကားမှာ Jin အတွက် ရုတ်တရက် ဖြေစရာတို့ အဆင်သင့်ရှိမနေခဲ့...
ပြောရခက်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး CEO က ဟက် ခနဲ တစ်ချက်ရယ်သည်။
ပြီးနောက် ကျောခိုင်းသွားကာ ပြတင်းပေါက်မှာ သွားရပ်ပြီး
" hyung ဖြေစရာ မရှိတော့ဘူးမလား... ဘယ်ဖြေစရာရှိမလဲ... အဲ့ အဖေဆိုတဲ့လူ ကျွန်တော့်အပေါ် ဘယ်လို အချိုးတွေ ချိုးသွားလဲ hyung အကုန် သိနေတာကိုးး "
