💜 19 💜
မှားခဲ့တယ်ကျွန်တော် သိပ်ကို မှားခဲ့တယ်
မိုက်မဲလွန်းလိုက်တာများ
မလုပ်သင့်တဲ့ အရာတစ်ခု မဖြစ်သင့်ဆုံးအရာတစ်ခုကိုမှ စိတ်အလိုလိုက်ပြီး ကျွန်တော် ကျူးလွန်ခဲ့မိတယ်။
ကျွန်တော်လေ သူ့အနမ်းတွေကို မတုန့်ပြန်ခဲ့သင့်ပါဘူး။
တဒင်္ဂစိတ်ရဲ့အလိုကိုလိုက်ပြီး ရူးမိုက်မိတဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် အပြစ်တင်စိတ်တွေနဲ့ ဒီရက်ပိုင်းတွေမှာ နေရတာ စိတ်တွေ အဆင်မပြေနေဘူး။
အဲ့ဒီ့ အနမ်းတစ်ခုကြောင့်ပဲ တားမြစ်အပ်တဲ့ စည်းတွေ ချိုးဖောက်ဖို့ ဖြစ်လာတဲ့အခါ.....
.
.
." အခန်းရှေ့မှာ Jungkook ရောက်နေတယ် Jimin "
စာသင်နေရင်း နားနားလေးကို ကပ်ပြောလာတဲ့ Hobi ရဲ့စကားသံ။
ဟင့်အင် သူ မတွေ့ချင်ဘူး...
မတွေ့ရဲတာဆို ပိုမှန်မယ်။
ကိုယ့်စိတ်တွေကို ဇဝေဇဝါနဲ့ ဝေခွဲမရဖြစ်နေတဲ့ ခံစားချက်တွေကြောင့် ဒီရက်ပိုင်းတွေမှာ သူ့ကို ရှောင်နေခဲ့မိတာပါ။
ဖုန်းဆက်တော့လဲ မကိုင်ဖြစ်ဘူး။
ကျောင်းကိုလာတွေ့ရင်လဲ သူ့အရိပ်မြင်တာနဲ့ ကျွန်တော် ပုန်းနေပြီးသား။
အရင်လို မဟုတ်တော့တဲ့ သူကလဲ အလုပ်ချိန်တွေပြည့်ကာ အားလပ်ချိန်နည်းတာကြောင့် ကျွန်တော့်ကိုမိအောင် မဖမ်းနိုင်ခဲ့။
ဒီနေ့တော့ဖြင့် တည့်တည့်တိုးလေပြီ။
မတတ်နိုင်... ရအောင် ရှောင်ရုံပေါ့။
ဆရာအတန်းထဲက ထွက်သွားတော့ စားပွဲပေါ်က ပစ္စည်းတွေကို ကပြာကယာ စုပြုံကောက်သိမ်းလိုက်ကာ အခန်းထဲကထွက်မယ့် အတန်းဖော်တွေနဲ့ ရောနှောပြီး အခန်းရဲ့ အနောက်ပေါက်ကနေ ခပ်မြန်မြန်လေး ထွက်လာလိုက်သည်။
လူကြားထဲတော့ သူ ဘာမှ မလုပ်လောက်ဘူးမလား။
သို့ပေမယ့် အထင်နဲ့ အမြင်ကတလွဲ။
