💜 7 💜
" ဘယ်လိုလဲ bro... လက်ရည်လေး စမ်းသပ်ကြည့်မလား "
" အာ.. နိုး နိုး နိုး ... Jungkook လက်သီး တစ်ချက်မိတာနဲ့ ကျွန်တော် မေးရိုးပြုတ်သွားပါလိမ့်မယ် မလုပ်နဲ့ "
Jungkook ရဲ့ မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်တဲ့ အမေးကို လက်တွေရော ခေါင်းတွေရော ခါပြီး ငြင်းဆန်နေတဲ့ အဖြူရောင်လေး...
" ဟား ဟား ဟား bro ကတော့ လုပ်ပြီ... ကိုယ်က အဲ့လောက်ထိ ထိုးပါ့မလားဗျ "
" ခစ် ခစ်... မသိဘူး Jungkook ဗလကြီးကို ကြည့်ပြီး ကျွန်တော် လန့်နေပြီ "
မျက်လုံးလေး ပိတ်ကျအောင် ပြုံးပြီး သူ့လက်မောင်းတွေကို ထိုးပြကာ ပြောတဲ့အပြောကို ရင်ဘတ်ကြီးပါ မောက်အောင် ကော့ပြီး ရင်ဘတ်ကြွက်သားတွေကိုပါ လှုပ်ပြလိုက်တဲ့ Jungkook ရဲ့ ပိုပိုသာသာ သရုပ်ပြမှုမှာ Jimin ဟာ အရယ်မရပ်တော့...
လက်ခုပ်လက်ဝါးတီးပြီးကို တဟားဟား အော်ရယ်နေတာကြောင့် ပါးလေးတွေ မို့တက်နေကာ မျက်လုံးလေးတွေပါ ပိတ်ကျလို့...
လွတ်လွတ်လပ်လပ် အော်ရယ်နေတဲ့ မျက်စိရှေ့က အဖြူရောင်လေးကို ကြည့်နေတဲ့ Jungkook ဟာလဲ ယုန်သွားလေးတွေ ပေါ်အောင် ပြုံးနေလေရဲ့...
အင်း... ယုန်သွားလေးနဲ့ ဗလကြီး Jungkook ပေါ့။
ရယ်တာ အားရတော့မှ Jimin က အားကစားရုံထဲကို ဝေ့ဝဲကြည့်လိုက်ပြီး
" ဒါတွေ အကုန်လုံးက Jungkook လေ့ကျင့်တဲ့ ပစ္စည်းတွေပေါ့ "
" ဟုတ်ပါ့ဗျာ... "
" အများကြီးပဲ နော် "
" ဒါတောင် သိပ်မစုံသေးပါဘူး bro ရယ်... တကယ်ဆို ကျွန်တော် ဝယ်ဖြည့်ချင်တဲ့ ပစ္စည်းတွေ အများကြီး ရှိသေးတယ် "
" အွန်း.. တဖြည်းဖြည်းတော့ စုံလာမှာပေါ့ Jungkook ရယ်... ဘာပဲဖြစ်ဖြစ် Fighting "
ဒီအဖြူရောင်လေးက လက်သီးလေးဆုပ်ကာ Fighting လုပ်ပြပြီး အားပေးနေသေးတာ...
သူလေ့ကျင့်တဲ့ ပစ္စည်းတွေကို တစ်ခုချင်းသေချာ လိုက်ကြည့်နေတဲ့ အဖြူရောင်လေးရဲ့ မျက်လုံးလေးတွေဟာ အရောင်တွေ တလက်လက်....
![](https://img.wattpad.com/cover/341690258-288-k313101.jpg)