💜 42 💜 Final 💜

4.4K 225 77
                                    

Final

" တောက်! Park Jimin... ဒါ ဘာအချိုး ချိုးသွားတာလဲ ... ငါ လာအောင်တောင် မစောင့်နိုင်ရအောင်.. ဟက်! သူ့အကောင်ကို ပြန်တွေ့လိုက်ရလို့ ကြေကွဲနေတာလား ... ငါ့ကို ဒီလို လုပ်သွားလို့ ရမယ် ထင်နေလား Park Jimin "

လီဗာကို ဖိနင်း၍ ကားကို အရှိန်မြှင့်လိုက်ရင်း ညစာစားပွဲကနေ သူ့ကို မစောင့်ဘဲ ပြန်သွားတဲ့ Jimin ကို ကြိတ်မနိုင်ခဲမရ ဒေါသတွေနဲ့ ယောင်း မှာ အံတကြိတ်ကြိတ်။

မီးဝါတွေကို ဖြတ်မောင်းကာ လမ်းကြောင်းတွေ တစ်ခုပြီးတစ်ခု ပြောင်း၍ ရှိသမျှကား ကျော်တက်ခဲ့ပြီး Jimin ကိုခေါ်၍ ရှေ့က သွားနှင့်တဲ့ အတွင်းရေးမှူး Jin ရဲ့ ကားကို မှီအောင် လိုက်နေမိသည်။

Jungkook နဲ့ ဆွေးနွေးမှုအပြီး သီးသန့်ခန်းရှိရာကို ပြန်လာခဲ့တော့ အခန်းထဲမှာက ဘွားနဲ့ Mr. Kim သာ ကျန်ရစ်သည်။

Park Jimin က အရင်ပြန်လိုပါသဖြင့် အတွင်းရေးမှူး Jin ကားနှင့် ပြန်သွားပါသတဲ့လေ။

ဘွား ပြောပြလို့ သိရလျှင် သိရချင်း ယောင်း ချက်ချင်းပင် ဒေါသစိတ်တို့က ထောင်းခနဲ။

အမူအရာတွေပျက်နေပြီး မစားနိုင် မသောက်နိုင်ဖြစ်နေတဲ့ Park Jimin...

အခုချိန်အထိတောင် ဒီကောင်ကို စိတ်ထဲက မထုတ်နိုင် ဖြစ်နေရသလား...

စိတ်တွေ တည်ငြိမ်ပါစေတော့ဆိုပြီးလဲ သူ ဘာဖိအားမှ မပေးဘဲ လွှတ်ပေးထားပြီးပြီ။

သူ့ဘေးနားမှာ ရှိနေရမယ့် လူတစ်ယောက်က ဒီလို တခြားလူတစ်ယောက်ကို စိတ်ထဲမှာ သိမ်းဝှက်ထားမှာမျိုးကိုတော့ သူ လက်မခံနိုင်ပါ။

ဒီကိစ္စကို Park Jimin နဲ့ ဒီနေ့ည အပြတ်ရှင်းရမယ်။

ကားဘရိတ်သံ တကျွီကျွီနှင့် တရိပ်ရိပ် ပြေးနေတဲ့ ကားလေးဟာ မောင်းနှင်သူ သခင်ရဲ့ အလိုကျ လိုရာကို ရောက်ဖို့ မိုင်ကုန်ဖွင့်လျှက်။

.
.
.

Jimin အိမ်ကို ရောက်ရောက်ချင်း ပြေးဝင်မိတာက ရေချိုးခန်းထဲကို။

လွန် ( vminkook ) Where stories live. Discover now