💜 30 💜
" ဖေဖေ... ဖေဖေ့... ထပါအုံး... ဖေဖေ... သား ကြောက်တယ်...ဖေဖေ!!!! "
ဝေါ...ဝေါ...
ဂျိမ်း!!!!
ဖြောင်း ဖြောင်း ဖြောင်း
ဝေါ...ဝေါ...ဝေါ....
" ဖေဖေ့... ထလာပါတော့... သား ကြောက်လို့ပါ... ဖေဖေရေ... ထလာပါတော့... အီးး ဟီးးးဟီးးး ဖေဖေ့!!! "
ကောင်းကင်တစ်ခွင်လုံး ပိန်းပိတ်နေအောင် ရွာချနေသည့် မိုးရေတွေနဲ့အတူ လေတိုက်သံ မိုးခြိမ်းသံတွေဟာ ပတ်ဝန်းကျင်မှာ ဖုံးလွှမ်းလို့နေသည်။
တစ်ချက်တစ်ချက် ဝင်းထိန်သွားတဲ့ လျှပ်စီးကြောင်းကြီးတွေနဲ့အတူ ပေါ်ပေါက်လာတာက လေအဝေ့မှာ ယိမ်းနွဲ့နေတဲ့ သစ်ပင်များ...
ငါးနှစ်အရွယ် ကလေးတစ်ယောက်အဖို့ ကြောက်စရာကောင်းလှတဲ့ ရာသီဥတုကြီးနဲ့ လူသူကင်းမဲ့နေတဲ့ ဒီပတ်ဝန်းကျင်မှာ မငိုရှိုက်ဘဲ မကြောက်ရွံ့ဘဲ နေနိုင်ဖို့ဆိုတာ ဘယ်စွမ်းသာလိမ့်မလဲ...
ရွှဲရွှဲစိုနေတဲ့ မိုးရေတွေကြား ချမ်းအေးနေမှုကို သတိမရဟန်ဖြင့် မှောက်နေတဲ့ကားကြီးရဲ့ ခပ်လှမ်းလှမ်းမှာ သွေးရဲရဲတွေကြား လဲကျနေတဲ့ အဖေဖြစ်သူကို ငိုယိုကာ အော်ခေါ်နေတဲ့ ကလေးလေး...
" ဟို ဦးဦးတွေက သားတို့ကို ခေါ်လဲမသွားဘူး... သား.. သား ကြောက်နေတာကို ခေါ်မသွားဘူး ဖေဖေ... ထ လာပါတော့... ဟင့်.. အင့် .. အီးဟီးးဟီးး "
ငိုရှိုက်လွန်းမက ငိုရှိုက်ရလွန်း၍ မောပန်းနေကာ အသံလေးများပင် ပျောက်ကွယ်လုမတတ်..
ဂျိမ်းးး
" ဖေဖေ့!!! "
ကျယ်လောင်သော မိုးခြိမ်းသံကြီးနဲ့အတူ အဖေကို တ ရင်း လမ်းမကြီးပေါ် လဲကျသွားတဲ့ ကလေးငယ်...
.
.
.နှလုံးခုန်စက် တတီတီ မြည်နေတဲ့ ဆေးရုံခန်းလေးထဲမှာတော့ ဖြူလွလွ ကုတင်ကြီးပေါ်မှာ ဆေးပိုက်တွေ ကြားထဲက လူးလွန့်နေတဲ့ ခန္ဓာငယ်လေး...