💜 29 💜
" Angel!!... Angel!!!... ထပါအုံး... Angel... မျက်လုံးတွေ မှိတ်မသွားနဲ့လေ Angel...!!!! "ရင်ဘတ်ပေါ် မှောက်ကျလာတဲ့ ခန္ဓာကိုယ်လေးကို Jungkook ထိန်းဖက်ထားပြီး ပုခုံးတွေကနေ ကိုင်လှုပ်ခါ သတိလစ်မသွားဖို့ အော်ခေါ်နေမိသည်။
Taehyung မှာလဲ ဆူပွက်နေပြီဖြစ်တဲ့ ဒေါသစိတ်တွေကြောင့် အမှားအမှန် ခွဲခြားဖို့ မတတ်နိုင်တော့စွာ Jungkook ကို ဆုတံဆိပ်တုံးကြီးနဲ့ အားကုန်လွှဲ၍ ခေါင်းရိုက်အခွဲ...
မမျှော်လင့်စွာ ကြားထဲက ဝင်ခံလိုက်တဲ့ ဘေဘီ့ကို အရှိန်ပြင်းပြင်းနဲ့ ရိုက်မိလိုက်တဲ့အချိန်...
ဖြာခနဲ ရွှဲကျလာတဲ့ သွေးတွေ ဘေဘီ့မျက်နှာပေါ်မှာ ရဲပတောင်းခတ် သွားကာ Jungkook ရင်ဘတ်တွေ မျက်နှာတွေပေါ်မှာလဲ စင်၍ ပေကျံကုန်တော့သည်။
" ဟာ... ဟာ... ဘေ ဘေဘီ "
ထိုအရာကို မြင်မှ သတိပြန်ဝင်လာတဲ့ Taehyung မှာ လက်ထဲက ဆုတံဆိပ်တုံးကြီးကို လွှတ်ချလိုက်ကာ ယူကျုံးမရစွာ...မယုံကြည်နိုင်စွာ...
" ဘေဘီ... ဘေဘီ့... မဟုတ်ဘူးလေ... မဟုတ်သေးဘူးလေ ကွာ... ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဟုတ်ဘူးနော် "
ဘယ်သူခေါ်ခေါ် မကြားနိုင်တော့တဲ့ Jimin ခမျာမှာတော့ Jungkook ရင်ဘတ်ပေါ်မှာ မှောက်ကျနေပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သွားရှာလေပြီ။
Jungkook မှာလဲ သူ့ရင်ဘတ်ပေါ်က Angel က်ို လှုပ်ခါနှိုးနေပြီး အော်ခေါ်နေသလို ...
သွေးတွေကြားမှာ သတိမရှိတော့တဲ့ သူ့ဘေဘီကို ကြည့်ပြီး မထိရက် မကိုင်ရက်နဲ့ သွေးရူးသွေးတန်း ဖြစ်နေတဲ့ Taehyung ...
" ကိုယ် အဲ့လို မရည်ရွယ်ခဲ့ဘူးလေ ဘေဘီ... ထပါအုံး... ထလာပါအုံးကွာ... မင်း သွေးတွေကို ကြောက်တယ်လေ.... မင်း ကြောက်တဲ့ သွေးတွေကြားမှာ ဒီလိုကြီး မျက်လုံးကြီး မှိတ်မနေပါနဲ့ "
သူ တကယ်ကို ဒီလိုဖြစ်သွားဖို့ ရည်ရွယ်တာ မဟုတ်ရပါဘူး...
သူ့စကားကို နားမထောင်ဘဲ ထပ်ခါထပ်ခါ Jeon Jungkook ရှိရာဆီကိုပဲ ခြေဦးလှည့်နေတဲ့ ဘေဘီ့ကို ကြောက်လန့်သွားရုံလောက်သာ ခြောက်လှန့်ဖို့ သူ ရည်ရွယ်ခဲ့တာ...