4

142 14 0
                                    


တစ်ခါတုန်းက
လသာသာ ကျောက်ပြင်ခင်းတယ်
နှင်းဆီဥသွေး။

ကွယ်လေးက ပျို့ကိုမှီတယ်
နှင်းဆီနံ့မွှေး။

..........................

---

(၄)

“သောကြာနေ့မှာ ပိုးတုံးလုံးလေးက လိမ္မော်သီး ငါးလုံး စားပစ်လိုက်တယ်။ ဒါပေမယ့် သူ ဆာနေတုန်းပဲ”

“လိမ္မော်သီးစားချင်လိုက်တာ”

“အို မင်းကလည်း သိပ်ဆာနေတဲ့ ပိုးတုံးလုံးလေးလား”

ကျွန်မ ချစ်စနိုး သူ့ပါးကိုလိမ်ဆွဲတော့ သူ ရယ်ပါသည်။ ကျွန်မတို့နှစ်ယောက်ရှေ့တွင် ရောင်စုံရုပ်ပုံလေးတွေ ပါသော ကတ်ထူ ရုပ်စုံ ကလေးစာအုပ်လေးကို ချလျက် ကျွန်မက အသံနေအသံထားဖြင့် ဖတ်ပြစဉ်က ကျွန်မက
၁၄နှစ်သမီး ဖြစ်ပြီး သူက ၁၃နှစ်သမီး ဖြစ်ခဲ့ပါသည်။

ကျွန်မ ဖတ်ပြနေသော “အလွန်ဆာလောင်နေသော ပိုးတုံးလုံးလေး” ရုပ်စုံစာအုပ်လေး၏ ကတ်ထူစာရွက်တို့သည် အခုအခါ ပိုထူပြီး ပိုပွယောင်းနေသည်။ အကြောင်းမှာ ရေထဲ ပြုတ်ကျထားသည့်စာအုပ် ဖြစ်နေလို့ပါ။

ယခုအခါ ထိုစာအုပ်ကို ကောင်မလေးအား အပိုင်ပေးလိုက်ရမလားဟု ကျွန်မ ချီတုံချတုံ စဉ်းစားနေခဲ့သည်။ ချောင်းရေထဲသို့ ပြုတ်ကျသွားသော စာအုပ်ကို ရေထဲကနေ ပြန်ဆယ်ထားသူသည် ထိုစာအုပ်ကိုပိုင်ဆိုင်ဖို့ ထိုက်တန်သည် မဟုတ်လား။

ဖြစ်ပုံမှာ ကောင်မလေးတစ်ယောက်က ကျွန်မဘေးကနေ ကျွန်မကို ကျော်ပြီး ဝါးတံတားပေါ် ခပ်သွက်သွက် ရောက်သွားပြီ။ မြန်လိုက်တာ။ အာဂ ကောင်မလေးတစ်ယောက်ပါလား၊ ကျောင်းဝတ်စုံနှင့်စကတ်ကို ဝတ်ထားပေမယ့် သူ့မှာ လွယ်အိတ်မပါပေ။ ရင်ခွင်ထဲမှာ ဘူးသီးကြီးတစ်လုံးကို ပိုက်ထားသည်။ ဈေးကပြန်လာတာ ဖြစ်မှာပေါ့။ ဘူးသီးက သူ့ထက်တောင် ကြီးဦးမည်။
ဒီကောင်မလေး သတ္တိကောင်းလိုက်တာဟု တွေးပြီး အားကျနေဆဲမှာပင် လျှပ်ပျာပျာနိုင်လှသည့် ကောင်မလေးက စိုစွတ်စွတ် ချော်ကျိကျိ ဝါးလုံးတွေပေါ် ခြေချော်လဲလေသည်။

“ဟယ်”

ဘူးသီးကို ပိုက်ထားရင်း လဲတာမို့ ပက်လက်လန်သွား၏။ သူ ရေထဲပြုတ်မကျခင် အမီသွားထူပေးဖို့ ကျွန်မ ဝါးလုံးတန်းပေါ် တက်လိုက်သည်။ ကယ်တင်မည့် သူရဲကောင်းကလည်း ကိုယ့်ကိုယ်ကို မနိုင်ပေ။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now