16

74 8 0
                                    


(၁၆)

“မမ၊ Young Electronic ဆိုင်မှာ ကျွန် မလုပ်တော့ပါဘူး။ မမ Youngကို စိတ်မဆိုးပါနဲ့တော့”

ကျွန်မဆီသို့ သူ စာတစ်စောင်ရေးလာသည်။ စိတ်ကောက်နေသည့်အစ်မကို ချော့သည့်စာမို့လားမသိ။ လက်ရေးလေးက တော်တော်လှနေတာပါလား။ ကျွန်မ သူ့ အခုလက်ရေးကို ချစ်သွားမိသည်။ ငယ်စဉ်က သူ လက်ရေးလုံးဝမမှန်ခဲ့ပေ။ သူလက်ရေးလှအောင် ကျွန်မမှာ လေးကြောင်းမျဉ်းစာအုပ်လေးတွေ သူ့ကိုပေးပြီး နေ့စဉ် စာတစ်မျက်နှာ အရေးကျင့်ခိုင်းခဲ့ရသည်။

ဒါတောင် အမြန်ရေးလျှင် တအားသော့ကာ နှေးနှေးနှင့် အချိန်ယူရေးလျှင် လက်ရေးက ကြီးကြီး။ အခုတော့ ဘယ်လို အချိန်ယူပြီး ရေးထားလဲ မသိ။ လက်ရေးက တစ်ညီတည်း။ သူ့လက်ရေးသည် ညာဘက်သို့ စောင်းသည်။ ဝဆွဲကို အဝိုင်း မဆွဲဘဲ ပုံနှိပ်စာလုံးထဲကလို တြိဂံပုံ ဆွဲလေ့ရှိသည်။

“ဒါပေမယ့် အမှန်အတိုင်း ပြောစရာတော့ရှိတယ်။ မလုပ်ပေမယ့် သူတို့အိမ်ကိုတော့ နေ့တိုင်းရောက်တယ်။ အဘွားကို နွားနို့ပို့ရင်း ဆိုင်ရှင်ရဲ့မိန်းမကိုပါ နွားနို့ပို့ပေးတာလေ။ နွားနို့စစ်စစ်ပေါ့။ နွားနို့နေ့တိုင်းရအောင် အကိုHeechul တို့ဆီမှာ Young နွားတစ်ကောင် မွေးထားတယ်လေ”

ကျွန်မ ပြုံးမိသွားသည်။

“ဘာဖြစ်လို့ အဲ့ဒီ့ဆိုင်တွေမှာ ကျွန်ခံချင်ရတာလဲဆိုတော့ အဲ့ဒီ့လမ်းမှာ မမရဲ့ အိမ် ရှိလို့ပေါ့”

ဒါပေမယ့် အခုဆို ကျွန်မက အိမ်မှာ အမြဲတမ်း ရှိမနေတော့ဘူးလေ။ ဘွားဘွားကို စောင့်ရှောက်မယ်ဆိုတဲ့ အကြောင်းပြချက်လား။ အကြောင်းရင်းကို မေးလျှင် သူဖြေချင်မှဖြေမည်။

သူ မဖြေမည့် မေးခွန်းကို သွားမေးမိလျှင် မေးသည့်လူက အရှက်။

“ဆိုင်ရှင်အန်တီကြီးကိုရော ဘာဖြစ်လို့နွားနို့ပို့ပေးလဲ မမ မေးမှာလား။ သူက အစာအိမ်ရောဂါရှိလို့ နွားနို့ပဲ အဓိကသောက်နေတာမို့ပါ။ ပြီးတော့ သူ့သမီးYeji မှာ ဂီတာရှိတယ်လေ။ နွားနို့ပို့ပေးရင်း ဂီတာတီးလို့လည်း ရတယ်။ Yejiက Youngကို ဂီတာတီး သင်ပေးတယ်”

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now