14

84 7 0
                                    

(၁၄)

၁၉၉၅ခုနှစ် နွေရာသီသည် Eunjuနှင့် Yunaသူငယ်ချင်းနှစ်ယောက် စာမေးပွဲ အပြီးကာလ ဖြစ်သည်။

စကားပြောလို့မဝ၊ လျှောက်လည်လို့မ၀ အချိန်ကာလပေါ့။ Eunju တို့သည် သွားနေကျ
လမ်းတွေ ဘက်သို့ မလှည့်ဘဲ မြို့၏တစ်ဖက်စွန်းမှာရှိသည့် ဘုရားတွေဆီ အထူးအဆန်း သွားလည်ကြသည်။

ချုံနွယ်ပိတ်ပေါင်းတွေ၏ဘေးက လူသွားလမ်းပြေလေးကို စက်ဘီးတစ်စီးနှင့် Eunjuတို့ သွားခဲ့ကြသည်။ တကယ်တော့ Gwangju မြို့သည် စက်ဘီးစီးဖို့ တော်တော်ကို အဆင်မပြေသောမြို့ဖြစ်သည်။ မြို့မှာ ကုန်းအဆင်း ကုန်းအတက်တွေဖြင့် အနိမ့်အမြင့် အကွေ့အကောက်တွေ ထူလှသည်။ သို့သော် Gwangjuမှာ စက်ဘီးဖြင့်သွားကြသူတွေ အများကြီးရှိပါသည်။

Yunaက စက်ဘီးစီးကျွမ်းကျင်သည်။ Eunju က သူ့ထက် ကိုယ်လုံးသေးသူမို့ Yunaက Eunju ကို စက်ဘီးမနင်းစေခဲ့။ သူကသာ အသွားအပြန်နင်းပြီး Eunju ကို နောက်က ကယ်ရီယာခုံပေါ်မှာ လိုက်စေခဲ့သည်။

ထိုနေ့သည် Eunju ကြုံတွေ့နေကျ သာမန်နေ့တစ်နေ့ပဲဖြစ်သည်။ သစ်ရွက်တွေက လေတိုက်တိုင်းကြွေသည့် နွေနေ့တစ်ခုသာပါပဲ။ လေတိုက်သည့်အခါ ကြွေပြီးသားသစ်ရွက်တွေကလည်း ရှပ်တိုက်ပြေးလွှား ယောက်ယက်ခပ်နေကြသည်။ နီတချို့ ဝါတချို့ ညိုတချို့ သစ်ရွက်ကြွေများ။ ပြန်တွေးကြည့်တော့ တစ်ခုခု ကြီးကြီးကျယ်ကျယ် ဖြစ်သွားတော့မည့် အတိတ်နိမိတ်ဟူ၍လည်း ဘာမှ မပေါ်လာခဲ့သည့်နေ့ ဖြစ်သည်။

တစ်ခု ပြောစရာရှိသည်မှာ Yuna ၏ခေါင်းလျှော်ပြီးစ ဖြန့်ချထားသော ဆံပင်ရှည်တို့က လေတိုက်တိုင်း ဝဲလွင့်နေသဖြင့် Eunju၏ မျက်နှာဆီသို့ ခဏခဏရောက်လာသည်။ ထိုဆံပင်မျှင်
တွေကို Eunjuက လက်ဖြင့် သပ်ဖယ်နေရတာ ခဏခဏ။ အထူးသဖြင့် ကုန်းအဆင်း ဘရိတ်ကိုလွှတ်ပြီး အရှိန်ဖြင့်ဆင်းသည့်အခါ ဝှစ် ဝှစ် ဝှစ် ဝှစ်နှင့် မျက်နှာကို တရှိန်တိုး လေတိုးသည့်အခါများတွင် ပိုဖြစ်သည်။

“ကိုင်ထားနော် ”

“အေး”

သူတို့ အသဲတအေးအေးဖြင့် အသံကို ခြစ်ပြီး အော်မိသည်အထိ စိတ်လှုပ်ရှားစွာ ပျော်ခဲ့ကြသည်။ တစ်မြို့လုံးကြားလောက်သည့် ရယ်မောသံများဖြစ်ပါလိမ့်မည်။ ထိုရယ်မောသံများသည် Eunju တို့နှစ်ယောက်၏ နောက်ဆုံးချမ်းမြေ့ခြင်းဂီတ ဖြစ်ခဲ့သည်။ Gwangju မြို့၏ ကုန်းဆင်းများတွင် နာမည်အကြီးဆုံး Kutaelam တံတားအဆင်း ရှိသည်။ Kutaelam ရုပ်ရှင်ရုံ နားမှာရှိသည်။ ရပ်ကွက်တွေမှ တစ်လျှောက်လုံး ဆင်းလာသော အဝေးပြေး ကားလမ်းသည် Kutaelam တံတားဆီသို့ အဆင်းမှာတော့ အတော်လေး မတ်ဆောက်သည့် အဆင်းဖြစ်သွားသည်။ ထို့ကြောင့် ထိုနေရာတစ်ဝိုက်တွင် အဆင်းလမ်းနှင့်အပြိုင် တစ်ဖက်မှာ အတက်လမ်း အတိုတစ်ခု ပြုလုပ်ထားခဲ့သည်။ ဆင်းသည့်လမ်းက မတ်စောက်ပြီး တက်သည့်လမ်းက ပိုပြေသည်။ သို့သော် တံတားကတော့ တစ်ခုတည်းဖြစ်သည်။ မြို့ထဲဖက်ကနေလာသည့် လမ်းကလည်း Kutaelam တံတားဆီ ချဉ်းကပ်သည့်အခါ အဆင်းလမ်း ဖြစ်နေတာ ပါပဲ။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now