13

91 6 0
                                    

---

(၁၃)

၁၉၉၅ခုနှစ်သည် ကျွန်မအတွက် ထူးခြားသောနှစ်ဖြစ်သည်။ ပထမအချက်က ၁၉၉၅ခုနှစ်သည် ကျွန်မ ကျောင်းပြီးဘွဲ့ရသည့်နှစ်ဖြစ်သည်။

ဒုတိယအချက်က ကျွန်မ ပထမဆုံးအလုပ်စလုပ်သည့် နှစ်ဖြစ်သည်။ ကျွန်မ ကျောင်းဆရာမတော့ ဖြစ်ချင်ပါရဲ့။ သို့သော် မေမေ့လို ဘောင်ကျဉ်းကျဉ်းလေးထဲမှာ စာသင်ပေးရသည့် ဆရာမတော့ မဖြစ်ချင်ပါ။ ထို့ကြောင့် ကျွန်မသည် အင်္ဂလိပ်စာ ကျူရှင်ကျောင်းတစ်ခုတွင် အလုပ်ဝင်လုပ်ပါသည်။

တတိယတစ်ချက်က ကျွန်မ ရင်ခုန်စွာ တမ်းမက်ရသူတစ်ယောက်ကို တွေ့လာခဲ့လို့ ဖြစ်သည်။ ကျွန်မ ကြီးလာလျှင် အကိုJimin နှင့် ရည်းစားဖြစ်မလားဟု ငယ်စဉ်က မှန်းဆ စိတ်ကူးယဉ်ခဲ့မိသော်လည်း ကျွန်မဘဝ၏ ရင်ခုန်တတ်သည့်အရွယ်မှာ အစ်ကိုက သုံးနှစ်ကြာအောင် ပျောက်ကွယ်သွားခဲ့သည်။ ထောင်သုံးနှစ်ကျခဲ့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ ပထမဆုံးရင်ခုန်ရသူမှာ တခြားကောင်လေး ဖြစ်သွားလေသည်။

Taehyun သည် နိုင်ငံခြားရေးရုံးက အရာရှိတစ်ဦး၏သား၊ Seoul သားစစ်စစ်ဖြစ်သည်။ ကျွန်မ သူ့ကို တက္ကသိုလ် စာတမ်းဖတ်ပွဲတစ်ခုတွင် တွေ့ဆုံခဲ့တာဖြစ်ပါသည်။ ကျွန်မတို့နှစ်ယောက် ဝါသနာတူကြသည်ဟု ကျွန်မ ထင်သည်။ သူက
ဗိသုကာဘွဲ့ရအင်ဂျင်နီယာဖြစ်ပြီး ဗိသုကာအတတ်ပညာကို စိတ်ဝင်စားသည်။ ကျွန်မက ပညာရေးကို စိတ်ဝင်စားတာမို့ ကွာခြားမှုတော့ ရှိလေသည်။ သို့သော် သုတေသီဘဝကို မြတ်နိုးစိတ်တော့ ကျွန်မတို့နှစ်ဦးလုံးမှာ ရှိသည်။ ဘွား
ဘွားကို ကျွန်မ Tae၏ ဓာတ်ပုံပြတော့
ပျော့စိစိနဲ့အေ ဟု ကဲ့ရဲ့ သည်။ ဓာတ်ပုံက ကျွန်မတို့အုပ်စု တက္ကသိုလ်စာကြည့်တိုက်ရှေ့မှာ စုပေါင်းရိုက်ထားသည့်ပုံမို့ လူတွေကို သေးသေးလေးတွေပဲ မြင်ရတာပါ။ သို့သော် ထိုသေးသေးလေးတွေထဲမှ Taeကို ဘွားဘွားက မရရအောင် ခန့်မှန်း အကဲဖြတ်ခဲ့သည်။

“ဘွားဘွား သူ မချောဘူးလား”

“ယောက်ျားလေးချောတာ ဘာလုပ်ရမှာလဲ မြေးရဲ့၊ ကိုယ့်ဘဝအတွက် အားကိုးရမယ့်လူက ချောစရာမလိုပါဘူး။ ခန့်ညားရင်တော်ပြီပေါ့။ မြေးရဲ့ ကောင်လေးကတော့ အားကိုးအားထား ပြုရမယ့်သူ ဟုတ်ပါ့မလား။ သူ့ကြည့်ရတာ ကိုယ့်ကိုယ်ကို တော်တော် ဂရုစိုက်မယ့်ပုံကွဲ”

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now