18

73 8 0
                                    

(၁၈)

Young ပထမဆုံး Seoul သို့ ရောက်လာသည့်နေ့က ကျွန်မ အကိုဗီဒီယိုတည်းဖြတ်ရာ ရုံးခန်းသို့ အကိုနှင့်အတူလိုက်သွားသည့်နေ့ ဖြစ်သည်။ ထိုနေ့က အကို မုတ်ဆိတ်မွေးတွေ ရိတ်ထားသည်။ အကိုသည် မုတ်ဆိတ်မွေး မရိတ်ဘဲ နှစ်ပတ်လောက် နေချင်နေတတ်တာမို့ သူ မုတ်ဆိတ်ရိတ်ထားသည့်အခါ တော်တော်သေသပ်သည်။ မျက်မှန်ကြီးတစ်ခုပဲ ရှုပ်နေတာ။

“အကိုရယ် အကို့မျက်မှန်က ပဲ့လိုက်တာဗျာ၊ မျက်ကပ်မှန်လေး ဘာလေးတပ်ပါလား"

ဟု မြှောက်ပေးမိ၏။ အကိုက ခါးခါးသီးသီး ငြင်းသည်။

“မျက်ကပ်မှန် ငါတပ်ဖူးပါတယ်။ မဖြစ်ဘူး၊ ငါတို့က ဘတ်စ်ကားစီးရတဲ့လူလေ။ ဟိုလူကတိုး ဒီလူကတိုးနဲ့”

“ဟင် မျက်စိကို ဘယ်သူက တိုးမှာလဲ”

“အေး နင်က တပ်မှမတပ်ဖူးဘဲ ဘယ်သိမလဲ။ မျက်နှာကို အတိုးခံလိုက်ရရင် မျက်စိကိုအောင့်သွားတာပဲ။ နောက်ပြီး အလုပ်သိပ်ရှုပ်တယ်လေ။ ညကျ ပြန်ဖြုတ်၊ ဆေးရည်ထဲစိမ်၊ မနက်ကျ ပြန်တပ်။ မဖြုတ်ဘဲ အိပ်ပျော်သွားရင် ပြီးပါလေရော”

အော်၊ အကို မျက်ကပ်မှန်တပ်ဖူးတာကိုး။ ကျွန်မနှင့်မတွေ့ဖူးလို့ဖြစ်မည်။ အကို့ကို မျက်မှန်ကြီးဖြုတ်ပြီး ကျွန်မ မြင်ချင်လိုက်တာ။ တပ်တုန်းက ဘယ်လိုစိတ်ကူးဖြင့် တပ်ဖြစ်သွားတာပါလိမ့်။ အေးလေ သူလည်း မျက်မှန်ကြီးနဲ့ရှုပ်နေတာကို မလိုချင်လို့ပေါ့။ ကျွန်မအတွေးကို အကိုက သိသွားသလိုပဲ။ အပြုံးစစဖြင့် သူ့ဟာသူ ပြော၏။

“ထားပါဟာ ပြီးခဲ့တဲ့ကာလတစ်ခုကပေါ့။ လူတွေမှာ ရူးကြောင်ကြောင်ဖြစ်တဲ့ ကာလတွေလည်း ရှိတတ်တယ်ဟ”

သူ့မျက်နှာကြီးက ရှက်သွားတဲ့မျက်နှာလားမသိ။

“တကယ်တော့ ငါတို့တွေ လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ အဝေးကြီးလိုသေးတာ။ ရှေ့မှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေ ဆင်းရဲဒုက္ခတွေက အများကြီး”

သူ့ဟာသူ ပြန်တရားချလေသည်။

အင်း မေမေပြောတာ သိပ်မှန်တာပဲ။ အကို့ကိုများ သူယူမိရင် အမေ့လိုမိန်းမတစ်ယောက် ဖြစ်မှာ သေချာပါသည်။ အို နေစမ်းပါဦး။ ကိုယ့်ဖက်ကချည်း စိတ်ကူးနှင့် ပယ်နေလိုက်တာ။ အကိုက ဘာများ ကမ်းလှမ်းလာလို့လဲ။ အရိပ်အယောင်လေးတောင် မပြပါဘူး။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now