Ganpo သည် Gwangမြို့၏တောင်ဘက် အရှေ့တရုတ်ပင်လယ်၏ မော်တော်ဆိပ်ထဲမှ လက်ရှိအသုံးပြုနေကြသော မော်တော်ဆိပ်ဖြစ်သည်။
ရှေးတုန်းက လှေသင်္ဘောများ ဆိုက်ကပ်ရာ Leewooဆိပ်ကမ်း၊ နောက်တော့ Ganpo ဆိပ်ကမ်း၊ နောက်တော့ Rouni ဆိပ်ကမ်း စသည်ဖြင့် သင်္ဘောဆိပ်ကမ်းတွေ ပြောင်းနေရသည်။ အခုအခါ ကျွန်မတို့ ရောက်နေသည်မှာ Ganpo ဆိပ်ကမ်း ဖြစ်သည်။
လှေ၊ မော်တော်တို့ ဆိုက်ကပ်ရာ ကူးတို့ဆိပ်ကမ်းသည် အရိပ်ရသစ်ပင်ကြီးများဖြင့်အေးချမ်းနေ၏။
ရာသီဥတုက အအေးမပြယ်တပြယ် ဆောင်းကုန်ခါနီးရာသီဖြစ်သဖြင့် မြစ်ကမ်းဘေးမှာ လေတဟူးဟူး တိုက်ခတ်ပြီး အေးနေဆဲ။ စတိုးဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်၊ အကင်ဆိုင် စသည်ဖြင့် ဆိုင်သေးသေးလေးတွေကို အနှံ့အပြားတွေ့ရသည်။ ကူးတို့ဆိပ်တွင် ခရီးသည်တို့ဖြင့် စည်ကားနေပြီ။
၂၀၀၂ခုနှစ်တွင် မေမေ့ကလေးတို့သည် အသက် ၂၁နှစ် အရွယ်သို့ရောက်ကြပြီ။ ခုနစ်နှစ်ထပ်ကြာသွားပြီမို့ မှတ်တမ်း ထပ်ယူရမည့်ကာလ ဖြစ်သည်။ သည်တစ်ခါ ကလေးတွေက အရင်လို Gwangjuတစ်မြို့တည်းမှာ တစ်စုတည်းမရှိကြတော့ဘဲ အဝေးမှာ တက္ကသိုလ်သွားတက်သူ၊ နယ်ပြောင်းသူ စသည်ဖြင့် နေရာတွေ မတူကြ။ နေရာအနှံ့လိုက်ရမှာမို့ မေမေ ပင်ပန်းမည်။ အဝေးနေရာတွေကို မေမေ့ကိုယ်စား ကျွန်မတို့က မှတ်တမ်းယူကြပါသည်။
အခု Jisan ကတော့ Eunju နှင့် အခြားကလေး သုံးလေးယောက်လိုပင် Gwangju မြို့မှာပဲ နေထိုင်သည်။ သူငယ်ချင်းYuna သူ့ကြောင့်သေရသည်ဟု စိတ်ဝေဒနာဖြင့် အသက်ရှင် နေထိုင်နေရသူ Eunju က မူလတန်းပြဆရာမလေး ဖြစ်နေပြီ။ Eunjuကို မနက်ဖြန်မှ သွားတွေ့မည်။ သည်ကနေ့ Jisanကို မေမေကိုယ်တိုင် တွေ့ဆုံမေးမြန်းမည်။
Ganpoက သစ်ပင်တွေ ပတ်လည်ဝိုင်းနေသော ခပ်သင့်သင့် အိမ်လေးဆီသို့ ကျွန်မတို့ရောက်ချိန်တွင် Jisan က အိမ်မှာမရှိတော့ပါ။ နံနက်စောစော အာရုဏ်မတက်မှီ အချိန်ကတည်းက သူ အလုပ်လုပ်ရာ ကမ်းနားသို့ သွားပြီဟု သူ့မိခင်က ပြောသဖြင့် ကျွန်မတို့အုပ်စု ကမ်းနားသို့ လိုက်သွားရသည်။ Jisan တို့ဆိုင်က လေထိုးကျွတ်ဖာ ဆိုင်တဲ့။ ဆိုင်နာမည်မရှိ။ လေထိုးမည့်ပလတ်စတစ်ပိုက် သေးသေးရှည်ရှည်တစ်ခုကို ခွေပြီး အပင်ခွကြားမှာ ချိတ်ထားသည်။ ဆိုင်ထဲမှာ ဓာတ်ငွေ့ထည့်ထားသည့် လေအိုးကြီးတစ်ခုရှိနေသည်။ နောက်ပြီး လေထိုးတာနှင့်ဆိုင်လား၊ မဆိုင်လား မသိနိုင်သည့် မော်တာတွေ၊ သံထည်ပစ္စည်းတွေကိုလည်း တွေ့ရသည်။
YOU ARE READING
ဆုံနေရက်နှင့်လွမ်းလေခြင်း
FanfictionThis is the replacement of one of the best Author Juu's book with Annyeongz. Crd....