# Unicode #
အိပ်မက်ထဲမှာ ဘနားနားမစ် မြစ်ကြီးကို ဖြတ်ပြီး...မုန်လာဥနီလှေကြီးကိုလှော်နေတဲ့ ဂျောင်ဂုက မုန်လာဥနီကို ကိုက်စားလိုက် ဘနားနားမစ်ကို ငုံ့သောက်လိုက်နဲ့...အရမ်းကောင်းတဲ့ အိပ်မက်လေး...
သူဘနားနားမစ်ကို ငုံ့သောက်နေတုန်း...အငုံ့လွန်ကာ အရှိန်လွန်ပြီး မြစ်ထဲပြုတ်ကျသွား၏။
"အား.!...အိုမားးးးး...ဟမ်!..အိပ်မက်ဘဲ..."
ဘေးဘီကို လှည့်ကြည့်ပြီး သူ့ကိုယ်သူ ပြန်စမ်းကာ ပါးလေးနှစ်ဖက်ကို ခပ်ဖွဖွ ပုတ်ကြည့်မှ အိပ်မက်မှန်းသိလိုက်သည်။
ဒီတော့မှ သူသက်ပြင်းချနိုင်၏။သောက်လို့ကောင်းနေမှ ပြုတ်ကျရတယ်လို့...ဘယ်လောက် အဖြစ်ဆိုးလိုက်သလဲ..ဂျွန်ဂျောင်ဂုတို့ ရှပ်ပြာပြာနိုင်တာတောင်...အိပ်မက်ထဲ အထိပင်...
"ဒေါက်...ဒေါက်....ဒေါက်..."
"ဘယ်သူလဲ.."
"ငါတို့..."
*ငါတို့....ငါ့အသိထဲမှာ အဲ့နာမည်နဲ့ လူမရှိပါဘူး....*
"ငါတို့ဆိုတာ...ဘယ်သူလဲ..."
"မင်းပထွေးတွေဟေ့...မင်းပထွေး..."
"ဟမ်!...ဆော့ဂျင်....ဟီး....ခဏ ...ငါ..တံခါးဖွင့်ပေးမယ်..."
ဂျင်ရဲ့ အသံပြဲကြီးကြားမှာ အိပ်ရာပေါ်က ကမူးရူးထိုး ထလိုက်တော့ ကိုယ့်စောင်နဲ့ ခြေထောက် ငြိပြီး...ကုတင်အောက်ကို အော်တို ကျသွား၏။
"ဘုတ်!!.."
"အာ့!..နာလိုက်တာ..."
ခြေထောက်နာသွားတာကြောင့် ထော့နင်းထော့နင်းနဲ့ လျှောက်ပြီး...တံခါးဖွင့်ပေးလိုက်တော့...သုံးယောက်သား အခန်းထဲ ပြုံဝင်လာ၏။
သူတို့အတွက် အခန်းတံခါးတောင် ချဲ့ပေးရမလို...သူ့ထက်ငါ အပြိုင် အဆိုင် တွန်းထိုးပြီး အလျှူအိမ် လာတဲ့သူတွေလို...တွန်းထိုးနေကြသည်။
သူက ဒီဇိုင်နာ ဖြစ်တာကြောင့် သူ့အခန်းထဲမှာ ကိုယ်လုံးပေါ်မှန်ကြီးရှိသဖြင့် အလုအယှက်လာကြည့်နေကြခြင်းပင်။
"ဒီနေ့ ဘာနေ့မို့ အလှတွေပြင်နေကြတာလဲ..."
"ဒီနေ့က February 14 ချစ်သူများနေ့ကွ...ငါတို့ ချစ်သူတွေနဲ့ လျှောက်လည်ဖို့ ချိန်ထားလို့..."