# Unicode #
"မငိုနဲ့တော့နော်...ဆန်ပြုတ်လေးသောက်လိုက်...ပြီးရင် ဆေးသောက်ရအောင်...."
ထယ်ယောင်းက..ဂျောင်ဂုရဲ့ မျက်ရည်လေးတွေကို သုတ်ပေးပြီး...အဘွားပြုတ်ပြီးသား ဆန်ပြုတ်ကို..တယုတယ ခွံ့ကျွေးနေ၏။ဆန်ပြုတ်တွေပေနေတဲ့...ပါးစပ်လေးကိုလည်း ..လက်သုတ်ပဝါ အသန့်လေးနဲ့ သေချာလေးသုတ်ပေးနေပုံက...သားကို မိခင်က ဂရုစိုက်နေပုံ.....
"ကင်မ်ထယ်ယောင်း...ခင်ဗျားရော သက်သာလားဟင်....ဟိုလူတွေ...ခင်ဗျားကို...အများကြီး ထိုးထားတာလေ..."
စားသောက်ပြီးတော့ ဂျောင်ဂုက..ပန်းကန်တွေသိမ်နေတဲ့ ထယ်ယောင်းကို မျက်ရည်ဝဲနေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ကြည့်ပြီး...မေးတော့...ထယ်ယောင်းလည်း...သူ့ကို ပြန်ပြီး စိုက်ကြည့်နေသည်။
ကြယ်ရောင်တလက်လက်မျက်ဝန်းလေးတွေက...မျက်ရည်တွေဝိုင်းနေပုံကိုက...နဂါးငွေ့တန်းလေး..အရောက်တောက်နေပုံပင်...
"ကိုယ်က...ဆေးလိမ်းလိုက်လို့သာက်သာသွားပြီ...ရော့...ဆေးသောက်လိုက်..."
ထယ်ယောင်းက...ဆေးနဲ့ ရေခွက်ကိုပေးတော့...ဂျောင်ဂု မျက်နှာရှုံ့မဲ့သွား၏။
ဂျောင်ဂုက..ဆေးထိုးဆေးသောက်အရမ်းကြောက်တာလေ...ခါတိုင်း...မားက ဆေးသောက်ကြောက်တဲ့သူ့အကြောင်းသိတော့...သကြားလုံး အမြဲဆောင်ပြီး...ကျွေးတာ...မားပြောတာကတော့...အရင်က..သူ့အိမ်နီးချင်းကိုကိုက..သူနေမကောင်းလို့ဆေးတိုက်တိုင်း..သကြားလုံးကျွေးလို့..မားက..ကျွေးတာတဲ့...
"ရော့လေ...ဆေးသောက်မှ...မင်းနေကောင်းမှာပေါ့..."
"ဟင့်...ကျွန်တော် မသောက်ချင်ဘူး..."
ခေါင်းလေးငုံပြီး..တိုးတိုးလေးပြောလိုက်ပေမဲ့...ထယ်ယောင်းက နားပါးသူမို့..ကြားလိုက်သည်။
တဆက်တည်း...သူသတိရသွားတာက...ယုန်ပေါက်လေးကို....သူ ဘူဆန်က မပြောင်းခင်က..သူအရမ်းချစ်ခဲ့တဲ့ ယုန်ပေါက်လေးလေ...သူမစတာ ကြိုက်တဲ့ ယုန်ပေါက်လေးက စိတ်စိုးစိတ်ကောက်ရင်..ဂျောင်ဂုလို..နှုတ်ခမ်းလေးလုံးအောင်...ပြန်ရန်တွေ့တတ်တာချစ်ဖို့ကောင်းတာမို့....အမြဲစမိသည်။
![](https://img.wattpad.com/cover/342529056-288-k918288.jpg)