# Unicode #
"ဖောင်း!.."
"ကျွီ~.."
"အိုမားးးး"
"ဟာ!...သွားပြီ..."
ပြဿနာက အဲ့ကစတာ....မောင်းနေရင်း...ကားဘီးပေါက်သွားတာကြောင့်...ဂျောင်ဂုက အိပ်နေရင်းမှ လန့်ပြီး..အော်မိသလို...ထယ်ယောင်းလည်း...ညည်းမိသည်။
"ဘာ...ဘာဖြစ်တာလဲ...ကင်မ်ထယ်ယောင်း...သေ..သေနတ်ပစ်သံလား...ကျွန်တောတို့နောက်ကို..လူဆိုးတွေ လိုက်လာတာလား..."
အိပ်မှုံစုံဝါး...မျက်စိတို့က အလိုလို ပြူးကျယ်သွားပြီး...ဘေးက ထယ်ယောင်းကို..မေးနေတဲ့ ပုံစံလေးက ..အိပ်မက်ယောင်နေသလို...
"အဟွန်း~..."
တကယ့်ဟာလေး....တွေးလိုက်ရင်တဆုံး....စိတ်ညစ်တဲ့ကြားက..ရယ်ချင်မိသဖြင့်...လက်သီးဆုပ်လေး ပါးစပ်ကပ်ကာ...ခိုးရယ်မိ..သည်....
"မင်းကလေ...တကယ်ပါဘဲ...ဘယ်လိုတွေတောင် တွေးနေတာလဲ....အဟွန်း~...ကားဘီူပေါက်သွားတာကွ..."
ထယ်ယောင်း ထိန်းထားသည့်ကြား..ရယ်သံနှောပြီး ပြောမိသည်။
"ဪ~......ဘာာာ!.....ကားဘီးပေါက်တာ...."
သေနတ်သံမဟုတ်.....စိတ်အေးသွားပြီးမှ...ကားဘီးပေါက်နာဆိုမှ.....ငထိပ်မြွေပေါက်သလိုခံစားရတာ....ပတ်ဝန်းကျင်ကို ကြည့်ပြန်တော့လည်း...မှောင်နေပြီး...ကြည့်ကြည့်သမျှက...လယ်ကွင်းတွေနဲ့ ကိုင်းတောတွေချည်းသာ....လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မီးတောင်မမြင်ရ....ရှင်ချင်လွန်းလို့...ကင်မ်ထယ်ယောင်းကို နုတ်နုတ်စင်းပစ်ချင်တာသာ သိတော့တယ်....
သူကိုတောင် သတိမထားဘဲ ကပေါ်က ဆင်းပြီး...ကားကို စစ်ကြည့်နေ၏။သူလည်း ဘာမှ မတတ်ပေမဲ့ မျက်စိနဲ့ ကြည့်ရုံလေးက ကြည့်တတ်တာမို့ ကင်မ်ထယ်ယောင်း...ရဲ့ဘေးသွားပြီး...ပြူးကြောင်ကြောင်လေးကြည့်နေ၏။
"ဘီးပေါက်ရင် လဲရမှာမလား.....ဘာကြောင့် ဘီးကို ငုံကြည့်နေတာလဲ...."
ဘာမှမတတ်ပေမဲ့...ဘီးပေါက်...ပေါက်ရင်...လဲရမှန်းသိတာကြောင့်...ကားဘီးတွေကို စစ်နေတဲ့ ကင်မ်ထယ်ယောင်းကို ဆရာကြီး...လုပ်လိုက်တာ...