# Unicode #
"အွန်း~...ပြွတ်စ်*...."
ထယ်ယောင်းက နှုတ်ခမ်းကို တစ်ချက်စုပ်ပြီး လွှတ်ပေးလိုက်တာတောင် ဂျောင်ဂုက မလှုပ်မယှက်နဲ့ ကျောက်ရုပ်ကြီးလို အခုထိကြောင်တောင်တောင်ကြီးနဲ့ ရပ်နေမိသည်။
ထယ်ယောင်းသူ့ရှေ့မှာ အသက်တောင် ရှုသေးလားမသိတဲ့...ကောင်လေးကို ကြည့်၍ ရယ်ချင်သွား၏။မျက်နှာလေးကလည်းနီရဲကာ....ပါးစပ်ကလေးအဟောင်းသားနဲ့...
"အဟွန်း~...တောက်စ်!..."
ထယ်ယောင်း ညစ်ကျယ်ကျယ်ပြုံးကာ...နဖူးပြင်လေးကို တစ်ချက်တောက်လိုက်တော့ ကိုယ်ငယ်လေးက တစ်ချက်တုန်သွားပြီး...သတိဝင်လာသည်။
"ခင်...ခင်ဗျား!!..."
"ဟုတ်တယ်...ကို..."
"သွားပြီနော်....အနမ်းအတွက်ကျေးဇူးတင်တယ်..."
ထယ်ယောင်းက ပြောပြီး လစ်ခနဲ ထွက်သွားတော့...ဂျောင်ဂု က ထုချိန်တောင် မရလိုက်...
"ရား!....ကင်မ်ထယ်ယောင်း!!!...ခင်ဗျား!...နောက်တစ်ခါ..
ခင်ဗျား...ကျွန်တော်နဲ့ တွေ့ရင် အသေဘဲ..."ဂျောင်ဂုက ထွက်ပြေးသွားတဲ့ ထယ်ယောင်းရဲ့ ကျောပြင်ကို ကြည့်ပြီး...ကြိမ်းမောင်းနေမိသည်။
"အီးးးးးမားရေ...သားရဲ့... first kiss လေး..ဘဝင်ရူးဆီ ပါသွားပြီ.. ဟင့်..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အားးးးးအရှုးကောင်....တွေ့ရင် အသေသတ်ပစ်မယ်....ဟင့်~...မားရေ~....တဏာရူးကြီး...အားးးးးးနောက်တစ်ခါတွေ့ရင် အသေဘဲ....ဟင့်.....မား....ရေ~...."
ညနေဘက် အလုပ်တွေပြီးလို့ အိမ်ပြန်ရောက်တော့ ကောင်းကောင်း အနားယူရမလားအောင်းမေ့တယ်...ဧည့်ခန်းထဲကြမ်းပြင်ပေါ်မှာလူးလိမ့်ပြီး...အော်ဟစ်နေတဲ့ ဂျောင်ဂုကို ကြည့်ပြီး...စိတ်ညစ်လာ၏။
အခုလည်း ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်ပြီး...အော်ဟစ်နေတာ.. အဲ့စကားတွေချည်း ဘဲ ထပ်ခါထပ်ခါရွတ်နေတာ....နောက်ဆုံး သည်းခံစိတ်ကုန်ပြီ....
"ရားးးဂျွန်ဂျောင်ဂု အဲ့တာ ဘာဖြစ်နေတာလဲ...ငါတို့နားတွေကိုလည်း သနားပါအုံး..."