# Unicode #
" ငါကတော့လေ...အဲ့လူကို လုံးဝမကျေနပ်ဘူး...တွေ့ရင် တွေ့တဲ့နေရာမှာ ကိုက်ဆွဲပစ်မယ်...ဟွန့်!..."
ထယ်ယောင်းပြဿနာဖြစ်တာ သုံးရက်လောက်ရှိပြီကို အခုထိ အခဲမကျေသေးဘဲ...ယုန်ကျိန်းကျိန်းနေတဲ့ ဂျောင်ဂုကို ဆော့ဂျင်တို့လည်း မနိုင်လို့..လက်မြှောက်အရှူံပေးထားရ၏။
"တော်ပါတော့ ...ကုရယ်...မင်းအဲ့အကြောင်းပြောနေတာ...ဘယ်နှစ်ကြိမ်တောင် ရှိပြီလည်း..,ငါတို့နားတွေလည်း သနားပါအုံး..."
နားမထောင်နိုင်တော့တဲ့အဆုံး...ဟိုဆော့က အော်ပြောလိုက်မှ...စူပုတ်ပုတ်နဲ့ တစ်ဖက်မျက်နှာလှည့်ကာ ပွစိထိုးနေတဲ့ ဂျောင်ဂု...
တကယ်ပါ...အစ်ကို ယောင်း ပေးရမဲ့နာမည် တစ်ခု ကျန်ခဲ့သေးတယ်...ပွစိပွစိ ပြောတတ်မှန်းသိရင်...ပွစိစိန်...ဆိုပြီး နာမည်ပေးအုံးမှာသေချာတယ်....
"သယ်ရင်းတို့ရေ...ငါ ဘာတွေ ယူလာတယ် ထင်လဲ...."
ဂျီမင်က...စားပွဲဝိုင်းလေးတစ်ခုပေါ်မှာ ယူလာတဲ့ဟာတွေကို မေးလိုက်တော့...သုံးယောက်သား...ခွေးတွေကျလို့ ...နှာခေါင်း တရှုံ့ရှုံ့နဲ့ အနံ့ခံနေတာမြန်း...နှာခေါင်းကြီး အထဲဝင်သွားမှာတောင် စိုးရိမ်ရတယ်....
"ဂျီဂျီ..ကြက်ကြော်နဲ့ ကိုလာ... မလား...ဂျင်ဂျင်..အနံ့ရနေတယ်နော်..."
အစားသရဲဆော့ဂျင်က ဖြေလိုက်တော့ ဂျီမင်လည်း ပြုံးကာ သူတို့နားသွားချပေးလိုက်၏။
"စားကြရအောင်... Daddy..က ဂျီဂျီတို့စားဖို့ နာမည် အကြီးဆုံးဆိုင်က မှာပေးလိုက်တာ..."
"ဆော့လည်း...လူကြီးကို နောက်နေ့ ဝယ်ကျွေးခိုင်းရမယ်..."
ဟိုဆော့က ကြက်ပေါင် တစ်တုံးကို ကိုင်ပြီးပြော၏။
"နာလည်း..ဒါနင်... တို...ဝယ်ချွေး..ခိုင်းနမယ်...."
"ဂျင်ဂျင်ရယ်...ပါးစပ်ထဲက ဟာ ကုန်မှပြောပါ..."
"သူ့ပါးစပ်ထဲက ကုန်မှဆို..အကုန်လုံးပြောင်မှ စကားပြောရလိမ့်မယ်...."
ဆော့ဂျင်က ပလုတ်ပလောင်းသံနဲ့ပြောတော့ ဂျောင်ဂုက စားပြီးမှပြောဖို့ သတိပေးသဖြင့် ဂျီမင်က ဆော့ဂျင် အကြောင်းသိသူပီပီ အငေါ်တူးလိုက်၏။