# Unicode #
"ကုကု..ရေ...ဂျီတို့ပါ..ဝင်လာမယ်နော်..."
ဒီနေ့က ကုတို့မင်္ဂလာဆောင်နေ့....အလှပြင်ခန်းထဲမှာ...ကုကို ပြင်ဆင်ပေးနေတာကြောင့်.. ဂျီတို့လည်း..သူတို့ပြင်ပြီးတာနဲ့ဝင်လာခဲ့လိုက်၏။
"ကု..အရမ်းတွေ ချောပြီးလှနေတယ်နော်..."
"ဟွန့်...ဂျီဂျီနော်...ကုက မိန်းကလေးမဟုတ်ဘူး...ခန့်တာလို့သုံး..."
"ဒီက မောင်လေးပြောတာ မှန်တယ်...မောင်လေးက...မိန်းကလေးတွေထက်တောင်...ချောနေလှနေသေးတာ...ဘာမှ သိပ်ပြီး ပြင်ဆင်စရာတောင်မလိုဘူး...သဘာဝတိုင်းလေးက အရမ်းလှနေတာ...သတို့သားလောင်းကတော့...အချောလေးရထားတော့..တုန်နေအောင် ချစ်နေမှာဘဲ..."
မိတ်ကပ်ပြင်တဲ့ အစ်မကပြောတော့..ဂျောင်ဂု ပြုံးလိုက်မိသည်။ရင်ထဲက နာကျင်မှုတွေကို ဖုံးဖို့ ပြုံးလိုက်တာက အကောင်းဆုံး မလား....ထယ်ယောင်းက သူ့မှ မချစ်တာ...ဂျီဂျီတို့တောင်မသိပေ....ဒီတော့ သူလည်း..ဘာမှ ပြန်ချေပမနေတော့....
"မိတ်ကပ်ပြင်ပြီးရင် ..ထွက်ခဲ့ကြတော့...အခန်းပြင်မှာ..ကိုကြီး စောင့်နေမယ်....ဧည်သည်တွေစုံနေပြီ...သတို့သားသူငယ်ချင်းလေးတွေလည်း ထွက်ခဲ့နော်....အပြင်မှာ ဘဲဘဲ တွေ စောင့်နေတယ်..."
"ဟာ!..ကိုကြီးနော်!..."
ဂျောင်မင်က အခန်းထဲဝင်လာပြီး ရွတ်နောက်နောက်ပြောတော့...ဆော့ဂျင်တို့ ရှက်ရမ်းရမ်းပြီး အော်လိုက်ကြ၏။
မိတ်ကပ်ဆရာတွေက နောက်ဆုံးအနေနဲ့ ဂျောင်ဂုကို..လိုအပ်တဲ့နေရာတွေ စစ်ဆေးပြင်ပေးနေသဖြင့်...ဂျီမင်တို့က...ထွက်လာခဲ့လိုက်သည်။
ဂျီမင်တို့ အခန်းပြင်ထွက်လာတော့...ဂါဝန်ဖြူဖြူလေးဝတ်ထားတဲ့ ချစ်စရာ ငါးနှစ်အရွယ်ကလေးလေးက ပန်းခြင်းလေးကို ကိုင်ကာ ရပ်နေပြီး...သူတို့လူကြီးတွေကလည်း...ဝတ်စုံအပြည့်နဲ့ ခန့်ညားနေ၏။သူတို့လည်း မတ်တပ်ရပ်ပြီး တမေ့တမော ငေးနေမိသည်။
"အဟမ်း!...အဟမ်း!....ဘေးမှာ လူတွေနဲ့နော်...မင်းတို့တွေဘဲ ရှိတယ်ထင်ပြီး...အကြည်စိုက်မနေကြနဲ့..."