# Unicode #
ဂျောင်ဂုလည်း...တီတီ့ကို အားနာတာနဲ့..မပြန်ဖြစ်သေး...ပြီးတော့ တီတီပြောပြတဲ့ သူငယ်ငယ်တုန်းက အရမ်းခင်ခဲ့တဲ့ ကိုကိုယောင်း ဆိုတဲ့ လူနဲ့ပတ်သတ်ပြီး တစ်ခုမှ မမှတ်မိ....ပြောပြလို့သာနားထောင်နေရတာ....
ဒါပေမဲ့သူသိတာကတော့ ကိုကိုယောင်းဆိုတဲ့ သူက သူကို ငယ်ငယ်က အရမ်းစတယ်ဆိုတာကိုဘဲ...အဲ့လိုလူမျိုးနဲ့ အခုပြန်မတွေ့ချင်ပါဘူး...ကင်မ်ထယ်ယောင်းနဲ့ဝောာင်...ရန်ဖြစ်ရလို့ ပါးစပ်မအားတဲ့ ကြားထဲ သူသာ အစစ်ပါမယ်ဆို...ဂျွန်ဂျောင်ဂုတို့...အာညောင်းသေမှာသေချာတယ်.....
တီတီကတော့ သူ့အပေါ်ကောင်းပါတယ်...မုန့်တွေအများကြီးလည်းကျွေးတယ်...စကားအရမ်းများတာက လွှဲလို့ပေါ့...ပြောသမျှကို မုန့်မျက်နှာကြောင့်...ဂျွန်ဂျောင်ဂုတို့က သိလည်း...ဟုတ်ကဲ့...အင်းး....မသိလည်း....ဟုတ်ကဲ့....အင်း....ဘာပြောပြော မုန့်စားရတယ်လေ....
စကားပြောကောင်း...အဲ...စကားပြောကောင်းတာ တီတီ....ငါ...မုန့်စားတာ ဆိုဝောာ့...မုန့်စားကောင်းနေတာနဲ့...ည ၆ နာရီ ထိုးနေပြီ....ပြန်မှဖြစ်တော့မယ်...ဂျင်ဂျင်တို့စိတ်ပူနေတော့မှာဘဲ...
"ပြောရမှာ...အားနာပါတယ်...တီတီ...မှောင်လာပြီဆိုတော့ ကု ပြန်ရတော့မယ်..."
"အေးကွယ်....ဒီလိုနေ့မျိုးမှ...သားငယ်ရဲ့ ကိုကို ကလည်း အပြန်နောက်ကျနေတယ်..."
"ရပါတယ်...တီတီ...ဒီနေ့မနက်စာရောမုန့်တွေပါ ကျွေးလို့ကျေးဇူး အများကြီး တင်ပါတယ်..."
"ညစာလေးစားသွားအုံးလေ~...."
"အာ~...မစားတော့ဘူးတီတီ...သူငယ်ချင်းတွေ စောင့်နေမှာမို့...ပြီးတော့ အရမ်းမှောင်ရင် တက္ကစီ ငှားလို့မရလို့ပါတီတီ...သွားခွင့်ပြုပါအုံး..."
"ဟုတ်ပါပြီ...နောက်လည်း မကြာ မကြာ လာလည်နော်..."
"ဟုတ်ကဲ့ တီတီ...."
တီတီက ကု ကို ခြံရှေ့ထိလိုက်ပို့ သဖြင့် သေချာနှုတ်ဆက်ပြီးမှ ထွက်လာခဲ့လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဪ....သားတောင်ပြန်လာပြီဘဲ..."