# Unicode #
"ဟမ်!...မင်းတို့တွေ..အလုပ်မရှိကြဘူးလား...ဘာကြောင့် ငါ့ ရုံးခန်းကို လာတာလဲ..."
"ငါတို့ ခြေထောက်နဲ့ ငါတို့ လာချင်လို့လာတာကွာ....ရှင်းပြီလား...အမေးအမြန်းထူ လိုက်တာ..မိကျောင်းသား...."
ထယ်ယောင်းက လုပ်လက်စကို ရပ်ပြီးမေးလိုက်တော့..ယွန်ဂီဖြေတဲ့ အဖြေက ခပ်ရှင်းရှင်း...အဲ့ဒါ ယွန်ဂီလေ...ဘယ်တော့ မှ အချိုးပြေပြေ မဖြေဘဲ..ဘုနဲ့ဘောက်..အလုံးလိုက်ကြီး ပြောချတတ်တာပင်...
"ဟင်းးးးး"
"ဟူးးးးးး"
"အဲ့ ကောင် ဘာဖြစ်နေတာလဲ..."
ရောက်လာတည်းက..မျက်နှာက ချီးမှန်ထားသလို...ရှုံ့တွနေပြီး...သက်ပြင်းတွေ..ချ..လိုက်...မှုတ်ထုတ်လိုက် လုပ်နေတဲ့..ဂျီဟွန်း..ကိုကြည့်ပြီး..မေးလိုက်သည်။
"လင်ပူမိနေတာလေ...."
"ယွန်ဂီကတော့..ပြောချလိုက်ရင် တစ်ဆုံး....ငါပြောပြမယ်...သူ့ကောင်လေးနဲ့ ပြဿနာ ဖြစ်ထားလို့...အခုထိ ဆော့ဆော့က စိတ်ကောက်မပြေသေးဘူးတဲ့လေ..."
"ဘာတွေ ဖြစ်ကြလို့လဲ..နမ်ဂျွန်း...ငါ့ကို နားလည်အောင်ပြောပြပါအုံး..."
••••••••••••••Flash back ••••••••••••••
"ညီမ...အိမ်မွေးခွေးပေါက်လေးတွေ ကြည့်ချင်လို့ပါ..."
"ဪ...ဟုတ်ကဲ့ အစ်ကို လိုက်ပြပေးမယ်နော်..."
လွန်ခဲ့ တစ်ပတ်လောက်က..ဟိုဆော့ က ခွေးပေါက်လေးတစ်ကောင်လောက်မွေးချင်တယ်ပြောလို့...ဂျီဟွန်း..အိမ်မွေ တရိစ္ဆာ
န် ဆိုင်ကို ရောက်နေတာ....ဒီဆိုင်က ဆိုးလ်မှာ နာမည်ကြီး ဆိုင်...အကောင်ပေါင်းဆုံးရနိုင်ပြီး...ရှားပါးပြီးလှပတဲ့ တရိစ္ဆာန်လေးတွေသာ ရောင်းချပေးသည်။သူလည်း..ခွေးလေးတွေကိုကြည့်ရင်း တစ်နေရာရောက်တော့...မျက်လုံးနေရာနဲ့ နားရွက်ပြီးတော့ ကျောပြင်လေးမှာလည်း အညိုရောက်အကွက်ကလေးတွေနဲ့ ကျန်တဲ့နေရာက အဖြူရောင်အမွှေးလေးတွေရှိတဲ့ ခွေးလေးတွေ့တော့...ကလေးကြိုက်လောက်မယ်လို့တွေးပြီး..အဲ့အကောင်ကို ယူဖို့ အကြံရလိုက်၏။
![](https://img.wattpad.com/cover/342529056-288-k918288.jpg)