# Unicode #
" ဘာ....ဘာလို့...ဆေးပစ္စည်းတွေဖြုတ်နေတာလဲ..."
ဂျီမင်က ဆေးပိုက်တွေနဲ့ ဆေးကိရိယာတွေကို ဖြုတ်နေတာ မြင်သဖြင့်ပြောတော့ ..သူတို့လည်း...ကြည့်လိုက်မိသည်။
ကုတင်ထက်က ဂျောင်ဂုက ငြိမ်သက်နေပြီး...နာစ့်တွေက ဆေးကိရိယာတွေကို ဖြုတ်သိမ်းနေ၏။
"ဂျင်...ဂျင်ဂျင်...ထင်သလို မဟုတ်ဘူး..မလား...အင့်....မဟုတ်ဘူးလားလို့......"
ဆော့ဂျင်က ငိုသံပါပါနဲ့ မေးတော့ သူတို့အားလုံး..အဖြေမရှိ....အခြေနေကိုကြည့်ရုံနဲ့ သိသာနေတာလေ...
အခန်းထဲက ထွက်လာတဲ့ ဆရာဝန် တစ်ယောက်...မျက်နှာလည်း မဂောာင်းပေ...သူတို့ သိပေမဲ့ လက်မခံနိုင်ဘူး....
"ဒေါက်တာ....ဘာ..ဘာမှ မဖြစ်ဘူးမလား...အဆင်ပြေတယ်မလား..."
"ကု နေကောင်းသွားမှာမလား....ဒေါက်တာ ဖြေပါအုံး...."
ဟိုဆော့နဲ့ ဂျီမင်တို့က ထိတ်ထိတ်ပျာပျာမေးလိုက်ပေမဲ့ ဆရာဝန်ရဲ့အဖြေကြောင့် အားလုံ မှင်သက်သွားပြီး...မျက်ရည်တွေက တားဆီးမရကျလာကြသည်။
"လူနာ ဆုံးပါပြီ..."
"သား..သားငယ်~..."
"မား.!."
"မဟုတ်ဘူး !!! "
"ခင်ဗျား လိမ်နေတာ.!."
ဆရာဝန့် စကားကြောင့် ဂျောင်မီက မူးလဲမလို ဖြစ်သွားလို့ ဂျောင်မင်က ထိန်းပေးလိုက်ရပြီး ထယ်ယောင်းရဲ့ အော်သံကြီးက ဆေးရုံထဲမှာ ဟိန်းသွားသည်။
"သူ...သူမသေဘူး....ခင်ဗျား..မဟုတ်တာတွေ မပြောနဲ့..."
"သား...သား....စိတ်ထိန်း....."
ဝှီးချဲပေါ်မှာ အော်ဟစ်သောင်းကျန်းနေတဲ့ ထယ်ယောင်စကို ယောင်းအား ထိန်းလို့ရငြားပြောလိုက်သည်။သူ့ကို မျက်ရည်တွေပြည့်နေတဲ့ ကြောင်စီစီ မျက်ဝန်းတွေနဲ့ ကြည့်လာတဲ့ ထယ်ယောင်း.....
"မာမီ သူညာနေတာ...ဟုတ်တယ်မလား...."
"သား...သား...မာမီ့ကိုကြည့်...မင်းရဲ့ ယုန်ပေါက်လေးက...မာ..မာမီတို့ကို ထားသွားပြီ~.."