# Unicode #"သား...ယောင်းငယ်...မာမီ..ပြောစရာရှိလို့..သား ကုမ္မဏီသွားဖို့ အချိန် နီးပြီလား..."
"လိုပါသေးတယ် မာမီ...ပြောလေ..."
ထယ်ယောင်းက လက်ကောက်ဝတ်က.. Rolex တံဆိပ် ရွှေရောင် နာရီကို ကြည့်ပြီး ပြောလိုက်၏။
"လာ...ထိုင်အုံး..."
ကင်မ်ယောင်းအာ..က သားကို သူ့ဘေးမှာ ဝင်ထိုင်ခိုင်းလိုက်၏။
"သား...သားကို မာမီ..အိမ်ထောင်ချပေးချင်လို့..."
"ဗျာ!..မာမီ...ကျွန်တော့်ကို နောက်နေတာလား..."
ထယ်ယောင်း မထင်မှတ်ထားတဲ့ စကားကြောင့် အံ့ဩလွန်းပြီး..စကားသံတွေတောင် ကျယ်ကုန်သည်။
"မာမီ့..ပုံစံက နောက်နေတဲ့ ပုံပေါက်လို့လား...ထယ်ယောင်း...."
"ကျွန်တော်..အိမ်ထောင်မပြုချင်ဘူး..မာမီ...အကယ်၍...ပြုခဲ့ရင်တောင်...ကျွန်တော် ချစ်တဲ့ သူကို လက်ထပ်မှာမလို့...မာမီ..က ခွင့်ပြုပေးပါ..."
"အဲ့ဆိုလည်း....သားချစ်တဲ့သူကို မာမီ့ရှေ့ခေါ်လာပြ...မာမီ..ကြည့်ကြည့်မယ်...."
"ကျွန်တော်မှာ...ချစ်သူ မရှိသေးဘူး..မာမီ..."
"မရှိသေးရင်...မာမီ စီစဉ်တာကို လက်ခံလေ...မာမီက ...သား..အတွက် ရှာပေးထားတာ .."
"ကျွန်တော်...အိမ်ထောင်ရေးကို စိတ်မဝင်စားသေးဘူး...မာမီ..."
"သားအသက်ရွယ်က နှစ်ဆယ့်ကိုး..ပြည့်တော့မယ်..ဒီအရွယ်မှ အိမ်ထောင်မပြုရင်....ဘယ်အချိန်ပြုမှာလဲ...ထယ်ယောင်း..."
ထယ်ယောင်း...မာမီ့ရဲ့ တင်းမာစပြုနေတဲ့ မျက်နှာထားကြောင့်...တစ်ထစ်လျှော့ဖို့ ကြိုးစားလိုက်၏။
"ဟူး~...ကောင်းပြီလေ..မာမီ...ကျွန်တော့်ကို အချိန်နည်းနည်းတော့ပေး...ကျွန်တော် စဉ်းစားချင်လို့ပါ.."
"မာမီကလည်း အခု စီစဥ်မှာ မဟုတ်ပါဘူး....သား အတွက် မာမီ..အချိန်..လေးလ ပေးမယ်...သား ခေါင်းအေးအေးထားပြီး..စဉ်းစားပေါ့..."
"ဟုတ်ကဲ့ မာမီ...ဒါပေမဲ့ အဲ့ လေးလအတွင်းမှာ ကျွန်တော် ချစ်သူရခဲ့ရင်တော့...မာမီ သဘောတူထား တာကို ဖျက်သိမ်းပေးပါ..."