# Unicode #
"အားးးး"
ထိုအသံက ဂျောင်ဂုဆီကမဟုတ်....ထယ်ယောင်းဆီကပင်...အော်သံကြောင့် အားလုံးရဲ့ အကြည့်က သူတို့ စားပွဲဝိုင်းဆီရောက်လာ၏။
ယွန်ဂီတို့ကိုယ်တိုင်လည်း ထယ်ယောင်းနဲ့ ဂျောင်ဂုကို ပြူးကြောင်ကြောင်ကြည့်နေမိသည်။
"ထယ်ယောင်း...ဘာဖြစ်တာလဲ..."
"အစ်ကိုယောင်း....ဘာကောင်ကိုက်လို့လဲ....."
"ထယ်ယောင်း....ပြောလေ...ဘာကောင်လဲ...ငါတို့သတ်ပေးမယ်....ပါးစပ်ကြီးပိတ်မထားနဲ့..."
"အစ်ကိုယောင်း...မဟုတ်မှ...ကင်းကိုက်သွားတာလား....အသံကျယ်ကြီးဆိုတော့..."
"ဂျီဂျီကလည်း...ကင်းထိုးတာ ဒီလောက်အော်စရာမလိုဘူး ထင်တယ်....မြွေကိုက်သွားတာလား..."
"မြွေကိုက်တာ မဖြစ်နိုင်ဘူး...ခွေးကိုက်တာနေမယ်..ဆော့ဆော့..."
ဆော့ဂျင်တို့က...ထယ်ယောင်းကို ဘာစကားမှပေးမပြောဘဲ သူတို့..ထင်ကြေးတွေသာ လျှောက်ပေးနေ၏။
ဂျောင်ဂုကလည်း မတ်တပ်ရပ်နေတဲ့ နေရာကနေ တုပ်တုပ်မှ မလှုပ်ဘဲ ထယ်ယောင်းကို ပြူး ကြည့်နေသည်။
"မြွေလည်း မဟုတ်ဘူ...ခွေးလည်းမဟုတ်ဘူး...ကင်းထိုးတာလည်းမဟုတ်ဘူး...ယုန်နင်းတာ...အားးး...ဂျွန်ဂျောင်ဂု...မင်း...မင်း..ခြေထောက်ကြွ..!.."
"ဟမ်!...ဘာလို့လဲ...ယုန်နင်းတာ...ကျွန်တော် နဲ့ ဘာဆိုင်လို့လဲ..."
"အားးးမင်းတက်နင်းထားတာ...ငါ့ခြေထောက်ကို...မင်း .နင်းထားတာ..."
"ဟုတ်လား. တောင်းပန်ပါတယ်..ကျွန်တော် တကယ်မသိလို့ပါ..."
ဂျောင်ဂု က ခြေထောက်ကို မကြွဘဲ ခြေဦးလှည့်ကာ ထယ်ယောင်းနဲ့ မျက်နှာချင်းဆိုင် လုပ်လိုက်ပြီးတောင်းပန်တာကြောင့် ခြေထောက်က ဖိကျိတ်သလို ဖြစ်သွားလို့ ထယ်ယောင်း မှာ မျက်ဖြူ လန်ချင်ချင်...
"အရင်..ခြေထောက်လေးကို ဖယ်လိုက်ပါကွာ..."
"အာ~...ဟုတ်..ဟုတ်ကဲ့..."
ဂျောင်ဂုက..ထယ်ယောင်းပြောမှ သတိဝင်ပြီး...ခြေထောက်ကိုဖယ်ပေးလိုက်၏။