# Unicode #
"ထယ်ယောင်းတို့...ရောက်လာကြပြီလား..."
"ဟုတ်တယ်...ယွန်ဂီ.."
"လာကွာ...ငါတို့အားလုံး မင်းတို့ကို..မျှော်နေတာ..."
ပါတီနေ့ရောက်တော့...ယွန်ဂီတို့ အတွဲတွေက ပါတီကို ကြိုရောက်နေကြပြီး ထယ်ယောင်းတို့က နောက်ကျနေတာ....
"ငါတို့...မစ္စတာ ဆွန်း ကိုသွားနှုတ်ဆက်လိုက်အုံးမယ်.."
"သွားလေ..ပြီးရင် ဒီပြန်လာခဲ့ ငါတို့ရှိနေမယ်..."
"Ok..."
ဂျောင်ဂုလည်း..ထယ်ယောင်း ရဲ့ လက်မောင်းကို ချိတ်ပြီး ထယ်ယောင်းနောက်လိုက်ရပြန်သည်။ ထယ်ယောင်းက လူတစ်ချို့နဲ့ စကားပြောနေတဲ့ မစ္စတာဆွန်း ဆီသွားလိုက်သည်။သူ့ကိုမြင်တော့ အားလုံးစကားရပ်လိုက်ကြပြီ ကြည့်နေကြသည်။သူ့ကိုလား...ဒါမှ မဟုတ် သူ့ဘေးက သူ့ရဲ့ ကြင်သူလေးကိုလား
"မစ္စတာ ကင်မ်...ယောကျာ်းပါ ခေါ်လာတာထင်တယ်...."
"ဟုတ်တယ် မစ္စတာဆွန်း...."
"မစ္စတာကင်မ်တို့ အတွဲကတော့ ပွဲထဲမှာ ထင်းနေတာဘဲဗျာ...လိုက်ဖက်ညီတဲ့ အတွဲတွေဘဲ..."
မစ္စတာဆွန်းရဲ့ စကားတွေကြောင့် ထယ်ယောင်း ပြုံးလိုက်မိသည်။
"ကင်မ်ဂျောင်ဂု..ဟုတ်ပါတယ်နော်..."
"ဟုတ်ပါတယ်..."
"ကျွန်တော်က...ဆွန်းရီဂန်...ညစာစားပွဲနေ့မှာ..ခရီးသွားနေရလို့ အတွင်းရေးမှုးဘဲ လွှတ်ဖြစ်တာ...အခုမှ လူချင်တွေ့ဖူးတော့တယ်..."
"ဟုတ်..."
"မစ္စတာ ဆွန်း ချစ် ဘာမှမစားရသေးလို့ တစ်ခုခုသွားကျွေးလိုက်ပါအုံးမယ်...ခွင့်ပြုပါအုံး..."
စကားကြောရှည်တတ်တဲ့ မစ္စတာဆွန်း အကြောင်းသိသူပီပီစကားဖြတ်လိုက်သည်။
ယွန်ဂီတို့ ထိုင်နေတဲ့ဝိုင်းရောက်တော့...ဂျီမင်တို့က ရှိမနေ...
"အစ်ကိုမင် ဂျီဂျီတို့ရော..."
"Baby..တို့ ဘူဖေးသွားထည့်တယ်..."
"ဪ..."
"မင်းရော ဘူဖေးစားအုံးမလား..."
"ဟင့်အင်...ဒီမှာ ရှိတာဘဲ စားလိုက်မယ်..."