# Unicode #
နှစ်ပတ်လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်လိုက်တော့ ထယ်ယောင်းရဲ့ ခြေထောက်တွေက ပုံမှန် ပြန်ဖြစ်လာပြီ...
ဂျောင်ဂုကတော့ ခုထိ သတိမရသေး...အရေးပေါ်ခန်းကနေ အထူးကြပ်မတ်ဆောင်သို့ပြောင်းရွေ့ထားရပြီး...အချိန်ပြည့် စောင့်ကြည့်နေရသည်။မေ့နေတဲ့ အတောအတွင်း...အခြေနေတွေက တည်ငြိမ်တာမို့ မစိုးရိမ်ရပေ..
သူတို့အက်ဆီးဒန့်ဖြစ်တဲ့ကိစ္စကိုလည်း...ယွန်ဂီတို့ စုံစမ်းပေးတာကြောင့်...သက်သေအစုံအလင်ပင် ရနေပြီ..
ဒီနေ့ အဲ့ကိစ္စကို အပြတ်ဖြတ်ရမှာမို့ သူတို့လေးယောက်...ဂန်ချန်းမင်ရဲ့ ကုမ္မဏီကို သွားဖို့ပြင်ဆင်နေကြ၏။
•
•
•
•
•
•
•"Boss...ဥက္ကဌကင်မ်နဲ့...သူ့ရဲ့ သူငယ်ချင်းတွေ ရောက်နေပါတယ်.."
အတွင်းရေးမှူးရဲ့ အစီရင် ခံစာကြောင့် ချန်းမင်ရဲ့ မျက်လုံးတွေက တုန်လှုပ်သွားသည်။သူဘယ်လို နည်းအမျိုးမျိုးနဲ့ နှောက်ယှက် ဖျတ်ဆီးပေမဲ့...အရာအားလုံးက အသုံးမဝင်....
" ဝင်ခဲ့ခိုင်းလိုက်!.."
သူ့ဆီလာတယ်ဆိုတည်းက တစ်ခုခုမှန်းသိပေမဲ့ သူရဲ့ လုပ်ရက်တွေကြောင့်လို့တော့မထင်မိ ...အဲ့ကိစ္စတွေက ဘယ်သူမှ ဖော်လို့မရအောင် သူ့ရဲ့ တပည့်တွေကို သေချာ လက်စဖြတ်ခိုင်းခဲ့တာ!...မဟုတ်လောက်ပါဘူး~
"ချပ်!.!."
အတွေးတွေနဲ့ ယောက်ယပ်ခတ်နေတုန်း တံခါးဖွင့်သံကြောင့် ကြည့်မိတော့...သူတို့လေးယောက်...
" အာ~...Mr . Kim တို့ဘဲ ...ထိုင်ပါအုံး~.."
ပျက်ယွင်းတဲ့ မျက်နှာနဲ့ မလုံမလဲဖြစ်နေတဲ့ မျက်လုံးတွေကို ပြင်ကာ...ဆိုဖာပေါ်ထိုင်ခိုင်းလိုက်သည်။
"ဟက်!...ဟန်ဆောင်ကောင်းတယ်နော် Mr . Gan.."
"ဟင်!...ဘာ...ဘာတွေပြောနေဝာာလဲ...Mr .r Min..."
"ကျွန်တော် ဘာပြောလဲဆိုတာ ခင်ဗျား ကောင်းကောင်းသိမှာပါ..."
"ဟား.. Mr . Min ..ကျွန်ဝောာ်က ဘာကို သိရမှာလဲဗျာ.."
အဆုံးထိ မသိချင်ယောင်ဆောင်ကာ...ငြင်းနေတဲ့ ချန်းမင်....
![](https://img.wattpad.com/cover/342529056-288-k918288.jpg)