Part_17

878 68 37
                                    

# Unicode #

ထယ်ယောင်း အခန်းထဲရောက်တော့..ဂျောင်ဂုက ချွေးစေးတွေပြန်ကာ ကယောင်ကတမ်းတွေနဲ့ အိပ်ရာခင်းကို ကျစ်ကျစ်ပါအောင် စုပ်ထား၏။

"လွှတ်!....အိုမားးးးး...ကုကိုကယ်ပါအုံး...."

"အီးးးးးးမကြိုက်ဘူးးးး...လွှတ်....ကင်မ်!.....ကင်မ့်မှာ...သွေးတွေနဲ့.....ဟင့်.....ငါ့အသားကို မထိနဲ့.....သွားးးးးး"

ထယ်ယောင်း ကယောင်ကတမ်းပြောနေတဲ့ ကိုယ်ငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

"ကိုယ်ရှိတယ်...ကု...သတိထားအုံးလေ...."

ပါးလေးကို ဖွဖွပုတ်ပြီး ပြောသော်လည်း...ဂျောင်ဂုက မျက်လုံးပွင့်မလာ...

"အဘိုး....ဆရာဝန် အမြန်ခေါ်လာခဲ့ပေးပါ...ကိုယ်ပူတအားကြီးနေတယ်...."

ထယ်ယောင်းရင်ခွင်ထဲ က ဂျောင်ဂုရဲ့ အပူချိန်ဟာ...မီးသွေးခဲတစ်ခုလို ခြစ်ခြစ်တောက်ပူနေသည်။

"အဘွားးး ကျွန်တော်ကို ရေဇလုံနဲ့ အဝတ်သန့်တစ်ခု ယူလာပေးပါ..."

"‌ကျွန်မ ယူလာခဲ့ပါ့မယ်..."

အဘွားလည်း...မြန်မြန်သွားပြီး ပြင်ဆင်နေ၏။

ထယ်ယောင်းဂျောင်ဂုကို..အိပ်ရာပေါ်မှာ သေချာပြန်ချပေးပြီး ချွေးတွေနစ်နေတဲ့ အဝတ်တွေကိုလဲပေးလိုက်သည်။ ကယောင်ကတမ်း‌မပြောတော့ပေမဲ့ မျက်ခုံးတန်းသွယ်သွယ်လေးတွေကျုံကာ...တသ်ခုခုကို အလိုမကျတဲ့ပုံစံလေးနဲ့ မို့ ထယ်ယောင်းရင်ထဲ အတော်ခံစားရသည်။

အခု ဂျောင်ဂုက ကလေးတွေလို လန့်ဖျားဖျားနေတာလေ...အကြောက်တရားတွေကို အိပ်မက်မက်လေ အဖျားက ပိုကြီးလေဘဲ...ထယ်ယောင်း ဂျောင်ဂုရင်ထဲက အကြောက်တရားတွေကို ချေဖျက်လို့ရလို့ရငှား...ပူခြစ်နေတဲ့ ဂျောင်ဂုရဲ့ လပ်ကလေးကို...ဆုပ်ပိုင်ထား၏။

ခဏကြာတော့ အဘွားလာပေးတဲ့ ရေဇလုံနဲ့ အဝတ်ကိုယူကာ အပူကျအောင် နဖူးပေါ်လေးကပ်ပေးလိုက်သည်။မကြာပါ အပူကြီးတာကြောင့် အဝတ်က ခဏလေးနဲ့တင် အစိုဓာတ်ကုန်သွားတာကြောင့်...ရေစွတ်ပြီး ညစ်ကာ ပြန်ကပ်ပေးရ၏။

အသးဘွားကတော့ ဂျောင်ဂု သတိရလာရင် သောက်လို့ရအောင်...တောကြက်သားတစ်ကောင်ကို ပြုတ်ကာ ဆန်ပြုတ်လုပ်ပေးနေသည်။

 Magic Of Love Where stories live. Discover now