# Unicode #
"ချွတ်ဖို့ လိုလို့လေ..."
"ဟင်!...ခင်ဗျား!...ဘာ..လုပ်မို့လဲ...."
သူ့ရှေ့က ကောင်လေးက မျက်နှာတွေ နီရဲကာ...အထစ်ထစ်အငေါ့ငေါ့နဲ့ မေးလာတော့ ထယ်ယောင်း မသိမသာလေး ပြုံးလိုက်မိသည်။
"ကိုယ့်အင်္ကျီကို ချောကလက်တွေ စွန်းသွားတယ်လေ...အဲ့တော့ အပေါ်ကုတ်ချွတ်ပြီး...ဆေးရမှာပေါ့...ဘာတွေ အတွေးလွန်နေတာလဲ..."
ထယ်ယောင်းက အနောက်တိုင်းကုတ်ကို ရှေ့ဘက် ကြယ်သီးမတပ်တော့ အတွင်းရှပ်အင်္ကျီကို စွန်းသွား၏။
"မ..မလွန်ပါဘူး...ဒီ..ဒီအတိုင်းမေးလိုက်တာ..."
"အဟွန်း~...."
ထယ်ယောင်းရဲ့ ရယ်သံသဲ့သဲ့ကို ကြားတော့ ဂျောင်ဂုရဲ့ မျက်စောင်းက သူ့ဆီကျလာသည်။
"ရပြီ...ဆေးပေးတော့...."
ထယ်ယောင်းက ဂျောင်ဂုရဲ့ လက် ဖောင်းဖောင်းလေးကို ယူပြီး သူရဲ့ ရင်ဘတ်ပေါ်တင်ပေးလိုက်တော့...အိုးတိုးအန့်တန့်နဲ့ ဘေစင်ပေါ်က ခုန်ဆင်းပြီး...ဘေစင်က ရေကို ယူကာ...သူ့အင်္ကျီမှာ ပေနေတာတွေကို သေချာ...ဆေးပေးနေသည်။
ချွေးစလေးတွေ ခိုတွဲနေပုံကို ကြည်၍ နေရခက်နေမှန်းသိသည်။ ဘာကြောင့်လဲဆိုတော့...အခု ဂျောင်ဂုက ထယ်ယောင်းရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ပုံ...
"သိပ်...သိပ်တော့...မစင်သေးဘူး...အင်္ကျီဆိုင် တစ်ဆိုင်သွားပြီး..လဲလိုက်ပါလား..."
"ကောင်းပြီလေ...မင်းရှေ့ကသွား...."
"ဘာ...ဘာဖြစ်လို့လဲ..."
"မင်းလဲ fashion ဆိုင် ဖွင့်ထားတာဘဲ...ပြီးတော့ မာမီက လည်း မင်းဆိုင်မှာ အထည်တွေ ယူခိုင်းထားတယ်..."
"ခင်ဗျား...မာမီက ဘယ်သူလဲ..."
"ကင်မ်ယောင်းအာ...."
"အာ!...အန်တီကင်မ်ဘဲ!..."
"ဟုတ်တယ်...သွားမယ်...."
ဂျောင်ဂုလည်း ဘာမှ ပြောမနေတော့ဘဲ...ထယ်ယောင်းနောက်က လိုက်သွားလိုက်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အစ်မ..ဆူမီ...သူ့ကို...ရှပ်င်္ကျီလေးတွေ ပြပေးလိုက်ပါနော်..."