🌸 ဆေးမင်ရည်စုတ်ထိုး 🌸
Part - 7မြကြည်သာ မခင်မိတို့နှင့်အတူရောက်လာသော ခင့်ကို လှမ်းမြင်လိုက်ရသဖြင့် ကပျာကယာ အနားလျှောက်လာခဲ့သည်။
" ခင့်....မနေ့က နေမကောင်းဘူးဆို။ အခုရော သက်သာလား။ ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်တာ ဖြစ်တာတောင်နည်းသေး....ဒီမှာ ဆေးဖော်လာတယ်။ "
ထုံးစံအတိုင်း ဆူငေါက်ရင်းမှ ပုဆိုးခါးပုံစထဲ ထည့်လာသည့်ဆေးထုပ်ကို ယူပြီး ပန်းဖူးဆီပေးလိုက်သည်။ သူ့ကို ငေးငေးလေးကြည့်ရင်းမှ ဘာမှမပြောပဲ မခင်မိတို့ဆီသာ ထွက်သွားသဖြင့် မြကြည်သာ နားမလည်သလိုငေးကျန်ခဲ့သည်။ လက်ထဲမှ ဆေးထုပ်ကိုပြန်ကြည့်ရင်း သူ့ကိုစိတ်များဆိုးသွားသလားဟု အောက်မေ့မိသည်။ လယ်ထဲဆင်းသွားသည်အား လိုက်ကြည့်ရင်း လုပ်စရာရှိတာဆက်လုပ်နေပေမယ့် ငါးမိနစ်ပင်မကြာလိုက် အလုပ်လုပ်နေသည့် ပန်းဖူးအနားပြန်ရောက်သွား၏။
" ကိုယ့်ကို စိတ်ဆိုးသွားတာလား...... စိတ်ပူလို့ပြောတာပါ။ နောက်မပြောတော့ပါဘူး ။ "
ငဲ့ကြည့်ဖော်တောင်မရတော့ မြကြည်သာပိုပြီး မချင့်မရဲ ဖြစ်လာရသည်။ ဒီပုံစံလေးက ပုံမှန်မှမဟုတ်ပဲ။ မျက်နှာလေးတည်၍ သူ့ကိုအဖက်မလုပ်တာမို့ လူက အင်တင်တင်ကြီးဖြင့် နေလို့ထိုင်လို့မရ။
နေ့လည်ခင်း ထမင်းလာပို့တော့ ဒေါ်ညွန့်ကြည်လာပို့သလို ပန်းဖူးလဲ ခပ်ရွံ့ရွံ့လေးဖြစ်သွားရသည်။ ထမင်းစားကြတော့ ပန်းဖူးအရင်လို သူ့ဘေးမထိုင်ပဲ နှစ်ယောက်ကျော်မှာသာဝင်ထိုင်လိုက်၏။ သို့ပေမယ့် မြကြည်သာအတွက် စိတ်ထဲတင်းသွားရသလို တစ်ခုခုပုံမှန်မဟုတ်တာ သိလာသည်။
ညနေကျတွေ့မည်ဟု စိတ်ထဲ ကြိမ်းလိုက်ရင်း ထမင်းသာငုံ့စားလိုက်သည်။ ဒေါ်ညွန့်ကြည်က ထမင်းတောင်းသိမ်းလိုက်ရင်းမှ ပန်းဖူးကို အဓိပ္ပါယ်ပါပါလှမ်းကြည့်၏။ မခင်မိတို့က သိတာမို့ စိတ်မကောင်းသလို ဝင်လဲမပါချင်။ ဒေါ်ညွန့်ကြည်ဘက်က ကြည့်ရင်လဲ မှန်သည်မဟုတ်ပါလား။
ညနေ အလုပ်သိမ်းကြတော့ ပြန်ရန်ကိုယ်စီပြင်ကြသလို ပန်းဖူးလဲ မခင်မိတို့နှင့်သာ လိုက်ပြန်ရန်ပြင်၏။ မြကြည်သာ ဆိုင်ကယ်စက်နှိုးရင်းမှ ပြန်ရန်ပြင်နေသည့် ပန်းဖူးအား လှမ်းကြည့်ကာ.......
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....