P.4

11.8K 460 14
                                    

💗 ဆေးမင်ရည် စုတ်ထိုး 💗
Part - 4

မြကြည်သာ ထမင်းချိုင့်လေးကိုင်၍ တစ်ယောက်ထဲ လျှောက်လာသည့် ပန်းဖူးကို မြင်လိုက်ရတာမို့ မျက်မှောင်ကျူံ့သွားရသည်။ မခင်မိတို့ ပါမလာသလို ဘယ်လိုဖြစ်ပြီး သူ့ကိုကြိုမပြောသလဲမသိ။ ပန်းဖူး အနားရောက်လာသည်နှင့် မြကြည်သာ မေးဆတ်ပြရင်း......

" ဘယ်လိုဖြစ်ပြီး တစ်ယောက်ထဲလဲ။ "

ပန်းဖူး အသင့်ယူလာသော စာရွက်လေးအား ဖြန့်ပြလိုက်သည်။

မမခင်မိတို့ နေမကောင်းဘူး။

မြကြည်သာ သက်ပြင်းချရင်းမှ.....

" နောက်တစ်ခါ တစ်ယောက်ထဲမလာနဲ့.....ရွာထဲက တစ်ယောက်ယောက်ကို လူကြုံပါးလိုက်။ လာကြိုမယ်။ "

ပန်းဖူး ခေါင်းလေးခါပြရင်းမှ ကမန်းကတန်း စာကိုရေးကာ ဖြန့်ပြလိုက်သည်။

ပန်းဖူး လာတတ်ပါတယ်။ သူ အလုပ်ရှုပ်နေလိမ့်မယ်။

မြကြည်သာ ပန်းဖူးအား တစ်ချက်ကြည့်ရင်းမှ.....

" လာကြိုမယ်ဆို ကြိုမယ်ပေါ့...... ဘာတွေအထွန့်လာတက်နေတာလဲ။ ဘာလဲ ကျုပ်နဲ့မသွားချင်လို့လား။ "

အို....
ပန်းဖူး ကပျာကယာ ခေါင်းခါယမ်းပြသည်။ ဒီက သူ အလုပ်ရှုပ်မှာစိုး၍ ပြောသည်ကို ပန်းဖူးအား ဘာလို့အထင်လွဲမှန်းမသိ။ ပန်းဖူး သူ့အနားကထွက်လာရင်း အလုပ်လုပ်ရန်သာ ပြင်သလို လယ်ထဲဆင်းခဲ့သည်။

" ဦးထုပ်မဆောင်း ဘာမဆောင်းနဲ့ လသာနေတယ်။ "

ဆောင့်ကြီးအောင့်ကြီးအသံနဲ့အတူ ပန်းဖူးအနားက ဖြတ်သွားရင်း သူ့ခမောက်ကြီးအား ပန်းဖူးခေါင်းပေါ် ဖျတ်ခနဲ ဆောင်းပေးသွားသည့် မြကြည်သာ။ ပန်းဖူး လှမ်းကြည့်တော့လဲ မျက်နှာကြီး စူပုတ်နေကာ လူကိုတစ်ချက်မကြည့်။ ကဲ .......သူ့ကို ပန်းဖူးကြောက်မိတာ လွန်သလား။

မြကြည်သာ ပန်းဖူးကို မသိမသာတစ်ချက် ခိုးကြည့်လိုက်ရင်းမှ ညနေပြန်လိုက်ပို့လျှင် ဖွင့်ပြောဖို့ စဥ့းစားမိသည်။ တကယ်လို့ သူ့ကိုငြင်းလိုက်လျှင်ကော......။

ဆေးမင်ရည်စုတ်ထိုး ( Complete) Tempat cerita menjadi hidup. Temukan sekarang