P.12

10.4K 347 5
                                    

💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 12

ပန်းဖူး မရင်မြတို့လယ်ထဲမှ ပြန်လာစဥ် ဇီးပင်အောက်ကြိုစောင့်နေသည့် မြကြည်သာကို မြင်တော့ မျက်နှာလေးတည်တင်းသွား၏။ မြကြည်သာ ပိစိမတို့ကို အတင်းတွန်းဖယ်၍ ပန်းဖူး လက်ကို လှမ်းဆွဲတော့ ဆတ်ခနဲ ဆောင့်ရုန်းလိုက်တာမို့ မြကြည်သာ ပန်းဖူးမျက်နှာလေးကို စူးခနဲစိုက်ကြည့်မိသည်။

" စကားပြောမယ်....."

ပန်းဖူးက သူ့စကားကို မကြားသလို ပေကတ်ကတ်လေး လုပ်နေကာ ပိစိမတို့ မသန်းတို့ဆီသာ ကတ်နေ၏။ နဂိုလူဖြောင့်စိတ်တိုမို့ စိတ်ကမရှည်တော့သလို ဒေါသက ရှေ့ပြေးလာ၏။ မြကြည်သာ ပိစိမနှင့်အသန်းအား ရှေ့သို့ တွန်းပို့ပစ်ရင်း ခပ်မာမာဖြင့် မေးဆတ်ကာ....

" ညည်းတို့ သွားတော့....."

" ဟမ်! "

ပန်းဖူး မျက်လုံးလေးဝိုင်းသွားရသလို ပိစိမတို့ကလဲ ဟမ်ခနဲ အာမေဋိတ်သံကြီးထွက်လာ၏။

" သွားတော့လေ.....မကြားဘူးလား ။ အိမ်အရောက် ကန်ထုတ်ပေးရမှာလား။ "

မျက်နှာကြီးမှုန်ကုတ်ကာ ထငေါက်တော့ အကုန် နောက်လှည့်မကြည့်ပဲ ​သုတ်ခြေတင်ကုန်ကြတာမို့ ပန်းဖူးသာ ကျန်ခဲ့ရှာသည်။

" ဒီမှာ နှင်းဆီပန်းဖူး.... "

" အဟင့်... ဟင့်...အီးးးး"

ဘာမှပင်မပြောရသေး ပန်းဖူးက မျက်ရည်တွေကျ၍ ထငိုတော့ မြကြည်သာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရသည်။

" ဟာ....ဘာလို့ငိုတာလဲ။ ကိုယ် ဘာမှမပြောရသေးဘူးလေ။ "

မြကြည်သာ ပန်းဖူးပါးနုနုထက်မှ မျက်ရည်စတွေကို လက်ကြမ်းကြီးဖြင့် လိုက်သုတ်ပေးသလို တစ်ယောက်ကလဲ အထိမခံ ရွှေပန်းကန်မို့ ကြည့်ရတာ ဖရိုဖရဲတော့ နိုင်လှသည်။

" ခင့်....ကိုယ် ရှင်းပြတာလေးလဲ နားထောင်ပါဦး ခင်ရယ်။ "

သူ့စကားကို နားမထောင်သလို ခေါင်းလေးခါယမ်းရင်း သူ့ကို ထုရိုက်တွန်းဖယ်ကာ ထွက်ပြေးဖို့သာ သူမလေးက ကြံသည်။ ​ထုရိုက်သမျှက သူမအားလေးနှင့်ဆိုတော့ ပန်းနဲ့ပေါက်သလို ဖြစ်နေကာ ထိုလက်လေးနှစ်ဖက်အား လက်ကောက်ဝတ်မှ ဖမ်းချုပ်ရင်း သစ်ပင်ပင်စည်တွင် ကိုယ်လေးပါ ဆွဲကပ်ပစ်တော့ သူ့ကိုမော့မော့လေး ငေးကြည့်လာသည်။

ဆေးမင်ရည်စုတ်ထိုး ( Complete) Opowieści tętniące życiem. Odkryj je teraz