P-2

12.1K 470 5
                                    

Part - 2

ဥပုသ်နေ့မို့ ရွာဦးကျောင်းထဲ ဥပုသ်သည်တွေတဖွဲဖွဲ ရောက်လာကြသလို မြကြည်သာလဲ အမေ့ကိုဆိုင်ကယ်ဖြင့် လိုက်ပို့ရခြင်းပင်။ သူက ယာထဲသွားရဦးမည်ဖြစ်သလို ဆိုင်ကယ်ကိုရပ်လိုက်သည်နှင့် အမေက နောက်ခုံပေါ်မှဆင်းကာ.....

" ညနေ လာမကြိုလဲရတယ်.....ငါ့ဘာသာလမ်းလျှောက်ပြန်လာခဲ့မယ်။ "

မြကြည်သာ အကြည့်က ရွာဦးကျောင်းဆီ လှုပ်လီလှုပ်လဲ့ဖြင့်လျှောက်လာသည့် ဖွားစာဥနှင့် ဘေးမှနှင်းဆီပန်းဖူးကိုမြင်တော့ မသွားသေးပဲရပ်နေ၏။ ရွာမှအပျိုတစ်ချို့က အဝတ်အစားလေးတွေပေးထါးသဖြင့် ဝတ်စရာအတော်အသင့်ရှိသွားသလို အခုလဲ နံ့သာရောင်လက်ပြတ်ဝမ်းဆက်လေးဖြင့် ခါးထိရှည်သည့် ဆံနွယ်စလေးတွေအား ကျစ်ဆံမြီးနှစ်ဖက်ကျစ်ကာ ယဥ်စစလေးပင်။

" ဟဲ့.....ဘာတွေငေးနေတာလဲ.....ယာထဲသွားမလို့ဆို။ "

အမေ့အသံကြောင့် သတိဝင်လာရရင်း အနားရောက်လာသည့် နှင်းဆီပန်းဖူးမှာလဲ သူ့ကိုမြင်တော့ မျက်နှာလေးငုံ့ကျသွား၏။ ကြည့်ရတာ ဖွားစာဥကိုလိုက်ပို့ရင်း သူမပါဥပုသ်စောင့်မည်ထင်သည်။ မြကြည်သာ ဆိုင်ကယ် စက်နှိုးကာ မောင်းထွက်လာခဲ့ရင်း လူကဘာမှန်းမသိ တစ်မျိုးတော့တစ်မျိုးကြီးပင်။ အစာမကြေသလိုလို ရင်ချောင်သလိုလို....မဟာဖြေဆေးလေးသောက်ဦးမှပဲ။

ပန်းဖူး အခုမှ ဆိုင်ကယ်မောင်းထွက်သွားသည့် သူ့နောက်ကျောကို ငေးကြည့်ရင်း သက်ပြင်းမောလေးချမိ၏။ ဖွားနဲ့အတူ ဘုန်းကြီးကျောင်းထဲ ဝင်လာရင်း ဥပုသ်စောင့်သီလယူသလို ညနေစောင်းတော့လဲ သူလာနိုးနိုး မျှော်မိသေးသည်။ အရီးတောင်လမ်းလျှောက်ပြန်သွားသည်မို့ ပန်းဖူးလဲ ဖွားနဲ့အတူ လမ်းလျှောက်ကာ ပြန်လာခဲ့သည်။

" ဖွားစာဥ......ဗျို့ ဖွားစာဥ။ "

ပန်းဖူး ဓနိအိမ်လေးထဲမှ ခေါင်းလေးပြူထွက်လာသလို မြကြည်သာ နှင့် ကာလသားအုပ်စုကိုမြင်တော့ ရှို့တို့ရှန်းတန်းဖြစ်သွားရသည်။ မကြီးခင်မိတို့လဲ ပါလာသဖြင့် ခြံပေါက်ဝလျှောက်လာခဲ့သည်။

" ဥပုသ်သည်တွေအတွက် ကြက်သွန်သုပ် နဲ့ အအေးလိုက်ဝေတာ......"

ပန်းဖူး ခေါင်းလေးညိတ်ပြရင်း မကြီးခင်မိကမ်းပေးသည့် အထုပ်လေးအား လှမ်းယူလိုက်သည်။

ဆေးမင်ရည်စုတ်ထိုး ( Complete) Tempat cerita menjadi hidup. Temukan sekarang