P.15

11.2K 335 3
                                    

💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 15

မင်္ဂလာဦးညပီပီ မဏ္ဍပ်တွေဖျက်ပြီး အလုပ်တွေပြီးစီးသည့်တိုင် မြကြည်သာမှာ အိမ်ထဲဝင်ဖို့မပြောနှင့် ကာလသားတစ်သိုက်ညှင်းထား၍ ခြံထဲလည်နေရသည့်အဖြစ်။

" ကိုကြည်သာ့ ကျုပ်တို့ကို ဒီညရှယ်ပြုစုပေးရမယ်နော်။ "

" ပြုစုရအောင် မင်းတို့က ငါ့မိန်းမမို့လို့လား။"

စိတ်တိုနေပြီဖြစ်သည်မို့ မြကြည်သာက ဘုတောပြီဖြစ်၏။ ဖိုးလောက်တို့က တခွီခွီရယ်ရင်းမှ......

" အရက်တော့ တိုက်လေဗျာ......တစ်နေကုန်ပင်ပန်းထားရတဲ့ဟာ။ "

မြကြည်သာ မကျေမနပ် မျက်ထောက်နီဖြင့် လှမ်းကြည့်ရင်းမှ အိတ်ကပ်ထဲက ပိုက်ဆံထုတ်ပေးကာ အိမ်ထဲဝင်ရန်ပြင်သည်။

" နေပါဦး ကိုကြီးကြည်သာရယ်။ "

မြကြည်သာ လာဆွဲရန်ပြင်သည့် ရွာသားအား နားရင်းထအုပ်ပစ်တော့ သကောင့်သားတွေက အသားနာတောင် တဟီးဟီးတဟားဟား မျက်နှာပိုးကမသေ။

" သတို့သားက စိတ်ကြီးပဲကွ....."

မြကြည်သာ လက်သီးထောင်ပြလိုက်ရင်းမှ အိမ်ထဲအမြန်ဝင်လာခဲ့တော့ အမေနဲ့ အဘက TV ကြည့်နေပြီဖြစ်၏။ အိမ်ပေါ်တက်လာတော့ အခန်းထဲမှ ထွက်လာသည့် ခင့်ကို မြင်လို​က်ရသဖြင့်.....

" ဒါက ဘယ်တုန်း....."

" ဟင်....အမေနဲ့ TV သွားကြည့်မလို့လေ။ "

မြကြည်သာ ပန်းဖူးကိုယ်လေးကို ပခုံးမှသိုင်းဖက်၍ အခန်းထဲပြန်ခေါ်လာရင်း.....

" လာစမ်းပါ ခင််ရယ်။ TV ကြည့်ဖို့က အရေးကြီးလား ကိုယ်ကအရေးကြီးသလား ပြော။ "

ပန်းဖူး မျက်နှာလေးက ပြုံးသွားသလို အသာငြိမ်နေတော့ မြကြည်သာ ဝတ်ထားသည့်တိုက်ပုံကိုဆွဲချွတ်ရင်း လျှော်ရမည့်တောင်းထဲ ပစ်ထည့်လိုက်သည်။

" သူ ထမင်းစားမလားဟင်။ ပန်းဖူး ပြင်လိုက်မယ်လေ။ "

မြကြည်သာက ပန်းဖူး မျက်နှာလေးကိုငေးကြည့်ရင်းမှ မေးဖျားလေးကို လက်တစ်ဖက်ဖြင့် ဆွဲပင့်ကာ.....

ဆေးမင်ရည်စုတ်ထိုး ( Complete) Where stories live. Discover now