💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 5ဒေါ်ကြင်ဆုံကြီးတစ်ယောက် ပိုးထိပြီး နေ့လည်ကဆုံးသွားသဖြင့် အသုဘအိမ်တွင် အကုန်ဝိုင်းကူလုပ်နေကြခြင်းပင်။ မြကြည်သာကတော့ မဏ္ဍပ်ထိုးပေးပြီးထဲက အသုဘဖဲဝိုင်းတွင် ဖဲထိုင်ရိုက်နေသလို ပန်းဖူးကတော့ ဟင်းချက်ပြုတ်ရန်ပြင်ဆင်နေကြသည့် မိန်းကလေးအုပ်ထဲ ဝိုင်းကူလုပ်ပေးနေသည်။
အသုဘအလောင်းကြီးက အိမ်ရှေ့တွင် စင်ထိုးကာ အခေါင်းထဲပြင်ထားကာ သုံးရက်ထားမှာပင်။ ဒေါ်ကြင်ဆုံက အပျိုကြီးမို့ သူ့တူမ ထားရီကပဲ ကျန်သည့်ကိစ္စတွေလုပ်ကာ ကျန်ခဲ့သမျှပစ္စည်းအကုန်ရလိုက်သည်ဟု ပြောရမည်။
" ဟ......စားပြန်ပြီကွာ.....ကဲ ကဲ.....အဖေ့ကိုပိုက်ဆံတွေထပ်လှူလိုက်ကြ သားလေးတို့ရေ။ "
မြကြည်သာ ဝိုင်းထဲမှ ပိုက်ဆံတွေဆွဲသိမ်းကာ သဘောကျစွာ တဟားဟားဖြင့် ရှိနေ၏။ နိုင်နေတာမို့ မြကြည်သာရှေ့ ပိုက်ဆံတွေကပုံနေသလို ပန်းဖူးကို လှမ်းကြည့်တော့ ကြက်သွန်နီတွေထိုင်ခွာနေ၏။
" ကိုကြည်သာ......ဆော့မှာလား ငမ်းမှာလား။ ကြာတယ်ဗျာ.... မြန်မြန်လုပ်စမ်းပါ။ "
မြကြည်သာ ဖဲထုပ်ကိုအမြန်ဝေနေစဥ် ထားရီက လက်ဖက်သုပ်ပန်းကန်လေးဖြင့် အနားရောက်လာ၏။
" အစ်ကို့....လက်ဖက်စားဦးနော်။ "
မြကြည်သာ သူ့ဘေးလာထိုင်ကာ အနားကပ်နေသည့် ထားရီကြောင့် ပန်းဖူးရှိရာဘက်လှမ်းကြည့်မိ၏။ မသိသလို မျက်နှာလေးလွှဲသွားသဖြင့် ရင်ထဲ ဖိန်းရှိန်းသွားရသည်။
" ငါ ဒီတစ်လှည့် ခဏထွက်မယ်....."
ပြောလဲပြော ပိုက်ဆံတွေကောက်သိမ်းကာ ပန်းဖူးရှိရာ ရောက်လာ၏။ ပန်းဖူးထိုင်နေသည့်အနား ဆောင့်ကြောင့်ထိုင်ရင်းမှ ဘေးမှမခင်မိတို့ကို တစ်ချက်ကြည့်ကာ ပန်းဖူးမျက်နှာလေးအား ငေးကြည့်၍ ခပ်တိုးတိုးရှင်းပြသည်။
" ကိုယ် ဘာမှမပြောဘူးနော်.....သူ့ဘာသာ အနားလာထိုင်နေတာ။ အထင်မလွဲနဲ့ဦး။ "
ပန်းဖူး ပြုံးမိသွားသလို ခေါင်းလေးကို ဆတ်ခနဲညိတ်ပြ၏။ မြကြည်သာ အိတ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက်အား ပန်းဖူးဆီထိုးပေးကာ......
KAMU SEDANG MEMBACA
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romansaတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....