💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 14မျက်ဝန်းတို့ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိတော့ ပန်းဖူးကို စိုးရိမ်တကြီး ကြည့်နေသည့် မမမြအေးရီနှင့် ဒေါ်ညွန့်ကြည် ကို တွေ့လိုက်ရ၏။ ပန်းဖူး အတင်းလူးလဲထမိသလို...
" သူ....သူရောဟင်"
" ဟယ်တော့! "
" ဟယ်.....ပန်းဖူးစကားပြောပြီတော့။ "
အံ့သြတကြီး အားရဝမ်းသာ ထအော်ကြသည့် အသံတွေကြားမှ ပန်းဖူး ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားရသလို တွေတွေလေး ခဏငိုင်သွား၏။ သို့ပေမယ့် သူ့ကို စိတ်ပူလွန်းအားကြီးနေသည်မို့ ဝမ်းမသာနိုင်ပဲ မမမြအေးရီလက်ကိုဆွဲ၍ ငိုကြီးချက်မဖြင့် မေးသည်။
" သူရောလို့....မမ....သူ ဘာဖြစ်သွားပြီလဲ....ပြောပြကြပါ....အဟင့်.... အင့်..."
မြအေးရီ ငိုရှိုက်နေသည့် ပန်းဖူးအား ရင်ခွင်ထဲ အသာဖက်ပေးရင်း....
" တိတ်ပါ ငါ့ညီမရယ်.....မောင်လေးက သက်သာပါတယ်။ သူ့အခန်းထဲမှာ ဆေးမှူးနဲ့ သူ့ယောက်ဖရှိတယ်။ ခေါင်းကဒဏ်ရာလဲ ချုပ်ပြီးပြီ။ ခဏနေ သတိရတော့မှာတဲ့...."
ပန်းဖူး အခုမှ ဟင်းချနိုင်သွားသလို ရင်ထဲ စိုးရိမ်မှုတွေ တထစ်လျော့သွားရသည်။
" ပန်းဖူး သူ့ကို ကြည့်ချင်တယ်။ "
" အေး....အေး.....လာ ထ "
အခန်းထဲဝင်လာသည်နှင့် အိပ်ယာထက်သတိမရသေးသည့် သူ့ကို တွေ့ရသလို မျက်နှာမှာလဲ ဒဏ်ရာအချိူ့က ရှိနေသေး၏။ ခေါင်းမှာကလဲ ပတ်တီးအဖွေးသား။
" အဟင့်.....ဟင့်....."
ပန်းဖူး တဟင့်ဟင့်ရှိုက်မိသလို အနားဝင်ထိုင်တော့ ဆေးမှူးကကြည့်ရင်းမှ.....
" စိတ်မပူပါနဲ့ ညီမရယ်။ ကြည်သာကြီး ဘာမှမဖြစ်ပါဘူးဟ။ "
" အို! ဒီလောက် ပတ်တီးအဖွေးသားကို ဘာမှမဖြစ်ဘူးဆိုတော့ ဆေးမှူးနှယ် ဒုက္ခပါပဲ။ "
မကျေမနပ် ရန်ပြန်တွေ့တော့ အကုန်ပြုံးစိစိဖြစ်ကုန်ကြသည်။ ချစ်ရင်ထူးက ခုံတစ်လုံးဆွဲယူကာ ထိုင်ရင်းမှ....
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....