💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 25သီလရှင်ကျောင်းထဲ ဆွမ်းကပ်ရန် ပြင်ဆင်နေကြသည့် မြကြည်သာ နှင့် နှင်းဆီပန်းဖူး ။ ပန်းဖူး၏ မေမေ ဒေါ်သူဇာက သာသနာ့ဘောင်အပြီးဝင်ချင်သည်ဆိုတာမို့ ကျောင်းရှိ သီလရှင်ဆရာလေးတွေအကုန် ဆွမ်းလဲကပ် လှူစရာရှိတာလှူရင်း ဒေါ်သူဇာကြီးအား သာသနာ့ဘောင်ဝင်စေသည်။
" ဒကာမလေးကို ဒကာလေးနဲ့ဆို စိတ်ချပါတယ်။ ပစ္စည်းဥစ္စာဆိုတာ သင်္ခါရ ၊ ကိုယ်ချစ်တဲ့လူ တွယ်တာတဲ့ပစ္စည်း ဘာမှကိုယ့်နောက်မပါဘူးဆိုတာ သိတဲ့နောက်တော့ ကိုယ့်နောက်ပါမယ့်တရားကိုပဲ ပြင်ဆင်ရမယ် မဟုတ်လား။ "
ပန်းဖူးက မျက်နှာမကောင်းသလို မျက်ရည်ကဝဲချင်သည်။ အိမ်ပြန်ရောက်တဲ့အထိ ရင်ထဲဟာတာတာကြီး ဖြစ်နေသလို မေမေ့ကို အိမ်ကနေပဲ တရားအားထုတ်စေချင်ပေမယ့် ကုသိုလ်ကိုတားသလိုဖြစ်မှာစိုးကာ ဆန္ဒပြင်းပြနေသဖြင့် တားလဲမတားရက်နိုင်။
" ကောင်းတာ လုပ်တာပဲ ခင််ရယ်....ဒါပီတိဖြစ်ရမှာပေါ့.....ခင်က ဗုဒ္ဓဘာသာဝင်လေ..... ဗုဒ္ဓဘာသာဝင်ရဲ့ အဓိပ္ပါယ်ကို က ဗုဒ္ဓ မြတ်စွာဘုရား ၊ ဘာသာဆိုတာ စကား......ဘုရားစကားနားထောင်သူဆိုတဲ့အဓိပ္ပါယ်ပဲ....အမေက ဗုဒ္ဓအဆုံးအမအတိုင်း သူ့စိတ် သူ့နှလုံးက အေးချမ်းအောင် ကြိုးစားပြီ။ ကိုယ်နဲ့ ခင်က ခြေရာမနင်းနိုင်တောင် နောက်ကနေ ပါရမီဖြည့်ရမယ်။ "
ပန်းဖူး နားထောင်နေရင်းမှ မျက်ရည်စလေးတွေ သုတ်ဖယ်မိသည်။ ခေါင်းလေးတဆတ်ဆတ် ညိတ်ပြရင်း ကိုယ့်စိတ်ကိုယ်ပြန်ဆုံးမရင်း ငြိမ်နေ၏။
ထမင်းဟင်းချက်ရန်ပြင်တော့လဲ မေမေ့ကို ပြေးအောက်မေ့မိသည်။ မေမေက ပန်းဖူးလက်ရာဆို သိပ်ကြိုက်သလို ဟင်းသိပ်ချက်တတ်သည့်အထဲမပါပါ။ အမျိုးသားရဟန်းတော်တို့သည် အသင့်ချက်ပြီးသား ဆွမ်းဟင်းကို အသင့်ဘုဥ်းပေးနိုင်ကြပေမယ့် သီလရှင်များက မတူ။ ကျောင်းတွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရသလို သီလရှင်များ လိုက်နာရန် အချက် ခုနှစ်ဆယ်အပြင် ကျောင်းတိုက်စည်းကမ်းကရှိသေး၏။
မြန်မာလူ့ဘောင် ပတ်ဝန်းကျင်တွင် အမျိုးသမီးများကို ဖေးမကူညီကာ ငဲ့ညှာတတ်ကြပေမယ့် သီလရှင်များကိုမူ မေ့လျော့နေခဲ့ကြသည်။ ရှင်ပြုခြင်းက မြတ်သလို နားသခြင်းမှာလဲ ကျက်သရေတိုးစေပါသည်။ ဆရာတော်ကြီးတွေကို အနာဂါတ်ကာလမှာ ဖူးမြော်ကြည်ညိုချင်လျှင် သာမဏေငယ်လေးတွေကို ပျိုးထောင်ဂရုစိုက်ပေးကြရမည်ဖြစ်သလို ဘာသာရေးတွင်လဲ ' ဒါနဆန်ပါရှင် ' ဆိုသည့် အသံစာစာလေးတွေကို အထိုက်အလျောက် လေးစားသင့်ကြသည်။
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....