💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 17သတိရလာထဲက မြကြည်သာတစ်ယောက် တခင်ထဲခင်ဖြစ်နေကာ သူ့မိန်းမကို တတွတ်တွတ်မေးသည်။ အကျိုးအကြောင်းသိသည်နှင့် ရင်တွေပူသွားရသလို ဆေးရုံကနေ အတင်းဆင်းရန်ပြင်သေး၏။
" သားရယ်.....မင်းယောက်ဖတွေ ရှာနေပါတယ်။"
မြကြည်သာ ခေါင်းကိုခါယမ်းရင်းမှ....
" ကျုပ် သတိမေ့နေတာ သုံးရက်လေ အမေရယ်။ ခုထိ ရှာလို့မတွေ့ဘူး မဟုတ်လား....ကျုပ် ရင်တွေပူလို့ သေလိမ့်မယ် အမေရဲ့။ "
ဒေါ်ညွန့်ကြည် သားဖြစ်သူပုံစံကြောင့် စိတ်မကောင်းပေမယ့် ရှာနေဆဲမို့ သက်ပြင်းသာချမိသည်။ ပန်းဖူးကို ကိုယ့်သားဘယ်လောက် ချစ်သလဲ ကိုယ်အသိဆုံးမဟုတ်လား။
မြကြည်သာ ဆေးရုံခုတင်ထက် မှီထိုင်နေရင်း လူကငူငူကြီး ဖြစ်နေသည်။ ခင့် ကို သူစိတ်ပူသည်။ ကိုယ့်မိန်းမကိုယ်တောင် မကာကွယ်နိုင်သည့် ကိုယ့်ကိုယ်ကိုယ်လဲ စိတ်တိုဒေါသထွက်သည်။ စိတ်ရှိတိုင်းမဖြစ်ပဲ ဆေးရုံခုတင်ထက် လှဲနေရကာ ကိုယ်တိုင်လိုက်မရှာနိုင်သည့်အဖြစ်ကိုလဲ အားမလိုအားမရ။
ဆေးရုံအခန်းထဲဝင်လာသည့် ချစ်ရင်ထူး နဲ့ ဖိုးလောက်။ မျက်နှာမကောင်းကြသလို သူ့ကို ဂရုဏာသက်သည့် အကြည့်တွေကို ခံစားမိလိုက်တော့ လူက ထိတ်ခနဲ ဖြစ်သွားရရင်း ရင်တွေတုန်လာရသည်။
" ကိုကြီးကြည်သာ....."
ဖိုးလောက်က ဆက်မပြောသေးပဲ ချစ်ရင်ထူးကို ငဲ့ကြည့်တော့ ချစ်ရင်ထူးသက်ပြင်းချကာ.....
" မင်းတို့ အရိုက်ခံရတဲ့နေရာအနီးနားမှာ မိန်းမတစ်ယောက်အလောင်းတွေ့တယ်တဲ့။ အဲ့ဒါ မင်း ပန်းဖူးဟုတ်မဟုတ် တစ်ချက်အတည်ပြုပေးပါတဲ့ နယ်မြေရဲစခန်းက အကြောင်းကြားလာတယ်။ "
မြကြည်သာ မျက်နှာက ထင်မှတ်မထားသည်မို့ ထိန်းမရနိုင်အောင်ကို ကွက်ခနဲ ပျက်ယွင်းသွားရသည်။
" ဘာ....ဘာကိစ္စ အတည်ပြုပေးရမှာလဲ။ အဲ့....အဲ့အမျိုးသမီးအလောင်းက ကျုပ်နဲ့ ဘာဆိုင်တုန်း။ "
ချစ်ရင်ထူး သက်ပြင်းချမိသလို မြကြည်သာအနား တိုးကပ်လာ၍ ပခုံးကို အားပေးသလို ဖိကိုင်၏။
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....