P.26( ဇာတ်သိမ်းပိုင်း)

23.6K 604 30
                                    

💗 ဆေးမင်ရည်စုတ်ထိုး💗
Part - 26 ( ဇာတ်သိမ်းပိုင်း)

သင်္ကြန်အကျနေ့.....

မြကြည်သာ ခြံဝကနေ လှမ်းအော်ခေါ်နေသည့် အမေ့အသံကြောင့် ကဲကြည့်မိတော့ ယောဂီဝတ်စုံကိုယ်စီဖြင့် အမေ နဲ့ ယောက်ဖတို့လင်မယားကို လှမ်းတွေ့လိုက်ရသည်။ ချစ်ရင်ထူးက သူ့သမီးကိုပွေ့ချီထားရင်း ရွာဦးကျောင်းအတူသွားကာ ဥပုသ်စောင့်ကြမည်ပင်။

" သွားမယ်လေ အစ်ကို....။ "

မြကြည်သာ လှည့်ကြည့်လိုက်တော့ အဖြူရောင်ဗိုက်ဖုံးအင်္ကျီလေးဖြင့် ထဘီအညိုလေးဝတ်ထားသည့် ပန်းဖူး။ သူမကိုယ်သူမ သပ်သပ်ရပ်ရပ်ပြင်လိုက်ရင်း နှာခေါင်းလေးရှုံ့ကာ......

" ဗိုက်လေးထွက်လာတော့ ဝလဲဝလာသလိုပဲနော် အစ်ကို....ပန်းဖူး အရမ်းဝနေလားဟင်။ "

မြကြည်သာ ပန်းဖူးပခုံးလေးကို လှမ်းဖက်ရင်းမှ.....

" အမလေး မိန်းမရယ်.....သူ့ကြည့်တော့ နှံပြည်စုတ်ကနေ စာကလေးဖြစ်လာတာကို..... ဘာဝတာလဲ။ "

ခြံဝလျှောက်လာကြရင်း ရွာဦးကျောင်းဘက် အတူထွက်လာကြသလို လမ်းမှာ ကလေးအုပ်နဲ့တွေ့တော့ ရေပက်ရန်တကဲကဲမို့ မနည်းတားယူကြရသည်။

" ဟိတ်ကောင်တွေ....ဟိတ်ကောင်တွေ မပက်ကြနဲ့နော်....."

" အာ....သင်္ကြန်ပဲဟာ..."

" ဥပုသ်သည် မပက်ရဘူးကွ.....ဟိုကောင် ချက်စူ ဝေးဝေးနေစမ်း....မင်းရေသေနတ်ကြီးက တပြင်ပြင်နဲ့ ငါ့မိန်းမ ဗိုက်ခိုက်မိမယ်။ "

မြကြည်သာက သူ့မိန်းမ ရှေ့ပိတ်ကာရင်း ကလေးတွေကို တားထားရသည်။

" ငါ့မောင်ရယ်....ကလေးတွေကိုတားရင်း နင့်ကြည့်ရတာတင် အတော် မျက်စိနောက်နေပြီ။"

ဟုတ်သည်လေ ရှေ့ကပြေးကာလိုက် နောက်ကပြေးပိတ်လိုက်နဲ့ မသိ ထုပ်ဆီးတိုးနေတာနှင့်ပင် တူသေး၏။ ကလေးတွေကလဲ ပြန်လာရင် မရမကပက်မည်ဟု ကြိမ်းဝါးလိုက်သေးသလို ဒါက သင်္ကြန်ထုံးစံပင်။

ဦးထွန်းရင် တရားကနာတော့မည် ခုထိရောက်မလာကြသေးသည့် သား၊ သမီးတွေကြောင့် ကျောင်းအောက်ဆင်းလာရင်း ထွက်မျှော်သည်။ ဝင်လာကြသည်ကိုမြင်မှ....

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : May 13 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

ဆေးမင်ရည်စုတ်ထိုး ( Complete) Où les histoires vivent. Découvrez maintenant