💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 19မြကြည်သာ ရင်ထဲတဒိတ်ဒိတ်ခုန်နေသလို စိတမလှုပ်ရှားမှုကြောင့် လူက ဂဏှာမငြိမ်။ ခင့် သတင်းရသလို ရထားသည့်လိပ်စာအတိုင်း လိုက်လာခဲ့ခြင်းပေမယ့် တစ်လမ်းလုံး ရင်တွေတုန်နေ၏။
" ယောက်ဖ.....ရှေ့က အိမ်ပဲ။ "
ချစ်ရင်ထူး ကားကို ခြံရှေ့မကျတကျတွင် ထိုးရပ်လိုက်ရင်း ခြံတံခါးဖွင့်ထားသည်မို့ ခြံထဲရှိကားနား ရပ်နေကြသည့် တာယာ နှင့် ပန်းဖူးကို လှမ်းမြင်လိုက်ရသည်။
" ခင့်......"
မြကြည်သာ ကားအောက်ဆင်းချသွားတာမြန်သလို သူ့ခေါ်သံကြောင့် ပြိုင်တူလှည့်ကြည့်လာကြသည့် တာယာ နှင့် ပန်းဖူး။ တာယာ့မျက်နှာက သူ့ကိုမြင်တော့ ကွက်ခနဲ ပျက်သွားသလို လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
ပန်းဖူး ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိပေမယ့် မသိတဲ့သူမို့ နေရာတွင်သာရပ်နေမိသည်။
" ကားထဲဝင်......"
ပန်းဖူး အနား တာယာက လျင်မြန်စွာ ရောက်လာသလို ကားထဲအတင်းတွန်းထည့်လိုက်သည်။ သူပါ ကားပေါ်တက်ရင်း ကားစက်နှိုးကာ ပန်းဖူးကိုခေါ်၍ ထွက်ပြေးရန်ပြင်သည်။ မြကြည်သာ ကမန်းကတန်း ရှေ့ကပိတ်ရပ်ပစ်သလို ချစ်ရင်ထူး ကပျာကယာ ပြေးဆွဲ၍ ဘေးရှောင်လိုက်ရသည်။
! ဒုန်း!
ခြံဝနား ခေါင်းထိုးရပ်ထားသည့် ချစ်ရင်ထူး၏ ကားကိုပါ တိုက်ချသွားရင်း အရှိန်ဖြင့် မောင်းပြေးသည်။ မြကြည်သာ အတင်းကုန်းရုန်းထရင်း ကားပေါ်ပြေးတက်ကာ နောက်မှ ကမူးရှူးထိုး လိုက်သွား၏။
ပန်းဖူး အရှိန်ဖြင့် မောင်းနေသည့် ကားပေါ်ပါလာရင်း လူက နားမလည်သလို ဘာဖြစ်မှန်းလဲမသိ။
" ဘာဖြစ်တာလဲ..... အ...အရှိန်လျှော့ပါ။ "
" ခါးပတ်ပတ်ထား....."
တာယာ နောက်ကြည့်မှန်မှတဆင့် ထပ်ကြပ်မကွာပါလာသည့် မြကြည်သာတို့ကားကြောင့် ဒေါသတကြီး တောက်ခေါက်မိသည်။
" ဘယ်လိုတွေ မောင်းနေတာလဲ.....အရှိန်လျှော့ပါ.... ကျွန်မ ကြောက်လာပြီနော်။ "
VOCÊ ESTÁ LENDO
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....