P - 3

11.3K 447 14
                                    

🌸 ဆေးမင်ရည်စုတ်ထိုး 🌸
Part - 3

မိုးကတဖြောက်ဖြောက်ရွာနေသလို လမ်းတွေကချော်နေသည်မို့ ပန်းဖူး လမ်းလျှောက်ရတာခက်လှသည်။ ဖိနပ်လေးက မိန်းမစီးယင်းမာဖိနပ်အပါးလေးမို့ ရွှံ့တွေရှောင်နင်းလျှင်တောင် လူကမနည်း ဟန်ချက်ပျက်မလဲအောင် ထိန်းနေရသည်။ သူကြီးကတော် ဒေါ်ကြီးရွှေဇံက ခေါ်ပြီး သူ့အိမ်အလုပ်တချို့ကူခိုင်းတာမို့ သွားကူပြီး အပြန်မိုးမိခြင်းပင်။

ပန်းဖူး လမ်းလျှောက်လို့ ဘယ်လိုမှအဆင်မပြေတော့။ ဗွက်တောလိုနေရာမျိုးဆို ဖိနပ်ပြတ်တော့မှာမို့ ဖိနပ်ကိုကပျာကယာချွတ်ရင်း ခြေဗလာပဲ လျှောက်ရန် ပြင်ရတော့သည်။

မြကြည်သာ ဝါးခမောက်ကြီးဆောင်းကာ
ပုဆိုးကိုခပ်တိုတိုဝတ်ရင်းမှ တစ်ဖက်ရွာမှပြန်လာခြင်းပင်။ ရွာလယ်လမ်းမရောက်သည်နှင့် မြင်လိုက်ရသည့် မျက်နှာလေးကြောင့် ခြေလှမ်းတို့က တစ်ချက်တုံ့သွား၏။ မိုးရွာနေသည့်ဟာ ထီးမပြောနှင့် ဘာမှလဲဆောင်းမလာ။ ရေစိုနေတော့ ကိုယ်လေးကလဲ ခါတိုင်းထက်တင်းရင်းနေသည်။မသိဟန်ဆောင်ရင်း ကျော်တက်လိုက်တော့ သူ့ကို ဖျတ်ခနဲ ကဲကြည့်လာ၏။

ပန်းဖူး အရှေ့မှ ခပ်သုတ်သုတ်လျှောက်သွားသည့် သူ့ကိုကြည့်ရင်း ဘာရယ်ကြောင့်မှန်းမသိ ရင်ထဲဝမ်းနည်းသွားရသည်။ မသိသလိုလျစ်လျူရှုနေတာ တစ်ပတ်လောက်ပင်ရှိပြီဖြစ်ကာ အခုလဲ ထိုနည်းတူပင်။

! အင့်.......အင်းးး!

ပန်းဖူး ခြေဖဝါးက စူးခနဲ ဖြစ်သွားသလို ငုံ့ကြည့်လိုက်မိတော့ ဆူးပင်တစ်ပင်၏ အခက်ဖြစ်ပုံရကာ ခြေဖဝါးအလယ်တည့်တည့်တွင် စိုက်ဝင်နေ၏။ ပန်းဖူး မျက်နှာလေးမဲ့ကျသွားရရင်း နေရာတွင်ထိုင်ကာ ဆူးနှုတ်ရန်ပြင်ကာ လူက နာမှာကြောက်နေသည်။

ရုတ်တရတ် အရှေ့ရောက်လာသည့် ယောကျာ်းစီးသားရေဖိနပ်ကြီးကြောင့် ခေါင်းလေးမော့အကြည့် ပန်းဖူးခေါင်းပေါ်ရောက်လာသည့် ဝါးခမောက်။ ပန်းဖူး ခမောက်လေးကိုကိုင်မိတော့ သူ့ထံမှ အသံပြတ်ကြီးက ထွက်လာ၏။

" ဆောင်းထား......မိုးရွာထဲ ထီးမပါဘာမပါနဲ့။ "

မြကြည်သာပြောလဲပြော ပန်းဖူး​ခြေဖဝါးမှ ဆူးခတ်လေးကို ဆွဲနှုတ်လိုက်သည်။

ဆေးမင်ရည်စုတ်ထိုး ( Complete) Tempat cerita menjadi hidup. Temukan sekarang