P.10

10.7K 384 3
                                    

💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 10

ကြက်ပွဲရှိတာမို့ မြကြည်သာ တစ်ဖက်ရွာကို ဖိုးလောက်နဲ့အတူ ပုဆိုးတိုတိုဝတ်ကာ ထွက်ချလာ၏။ လက်ထဲ ဖားရောင်းလို့ရသည့် ပိုက်ဆံအနည်းငယ်ကျန်သေးသလို ကျန်သည့်ပိုက်ဆံက အကုန်ခင့်ကို အပ်ထားလိုက်ပြီဖြစ်၏။ ခင် နဲ့ စကြိုက်ပြီး သမီးရည်းစားဖြစ်ထဲက စိတ်က တစ်မျိုးလေးပင်။ လက်ထဲငွေယားလေးများရှိရင် ခင့်မျက်နှာလေး ပြေးမြင်ပြီး ပိုက်ဆံကို ပြေးပြေးအပ်ပစ်ချင်တာ တားမရဆီးမရ။

' ခင် ဒီမှာ ပိုက်ဆံ...သိမ်းထားနော် သုံးချင်တာလေးလဲ သုံး ' အဲ့လိုလေးများ ပြောလိုက်ရရင်ကို ရင်ထဲ အူတွေယားတာဆိုတာလေ... ကိုယ့်ကိုယ်ကိုယ်လဲ သူရဲကောင်းကြီးဗညားနွဲ့လိုလို သမိန်ဗရမ်းလိုလိုကို ထင်မိသေးတာ။

ကြက်ဝိုင်းက လူစည်နေပြီဖြစ်သလို ကြက်ကိုယ်စီပိုက်၍ ပွဲပင်စနေကြပြီဖြစ်၏။ ရေချိန်ကိုက်နေသော ကြက်သမားကိုမဲတူ၏ ​သံပြာကြီးနှင့် အော်ဆိုနေသော အသံကလဲ မာန်ပါပါဖြင့် ကြားနေရသည်။

' လောင်းစရာ ငွေမရှားပါဘူး ၊ လောင်းစရာတွေ ငွေမရှားပါဘူး ၊ ကြက်ကျားကိုတဲ့ တိုက်မယ့်ပြင် ရွှေခန်းသာကြော့ရှင်......

ပုဆိုးရဲ့ကွက်ဝါ ၊ ကြက်ဗျာပိုက်ပါလို့ ၊ အလိုက်ကလေးရယ်နဲ့ ရွှေကူနီ ၊ ဝေးကွာခဲ့ပြီ သောက်တော်ဗူးရယ်နဲ့ အို မကွာ အို မကွာ ....

" ဗျို့.....ကိုမဲတူ.... အသံပြာကြီးရပ်စမ်းပါဗျာ။ "

ကြက်သမားတစ်ယောက်က စိတ်ညစ်ညစ်နှင့် ထအော်မှ ကိုမဲတူတစ်ယောက် စပ်ဖြီးဖြီးဖြင့် ပါးစပ်ပိတ်သွားသလို မြကြည်သာကိုမြင်တော့ သူ့ကြက်ကြီးပိုက်ကာ ပြေးလာ၏။

" ဟ....ကြည်သာရာ....မင်း လာတာနဲ့အတော်ပဲ။ ငါ ရေချိန်မကိုက်သေးလို့ အရက်ဖိုးလေးပေးဦး။ "

မြကြည်သာ ကိုမဲတူကို တစ်ချက်ကြည့်ရင်းမှ....

" ခင်ဗျား ဝင်မတိုက်ဘူးလား။ "

သူ့စကားကြောင့် ကိုမဲတူက စိတ်ညစ်သလို ခေါင်းကိုတဗျင်းဗျင်းကုတ်ကာ...

" ငါလဲ တိုက်ချင်တာပေါ့ကွာ... ဒါပေမယ့် ငါ့ကြက်က မဂိုကြက်ကွ.....မဂို မဂဲ မယားဆဲတဲ့.. ငါ့မိန်းမက အဆဲကလွှတ်သန်နဲ့။ ဒီကောင်တွေကြက်က အတော်ကြင်အင်ကောင်းတယ်ကွ...ခြေကြေးသုံးဆယ်လိုကောင်မျိုး။ "

ဆေးမင်ရည်စုတ်ထိုး ( Complete) Donde viven las historias. Descúbrelo ahora