💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 13" ပန်းဖူးရေ ဟိုဘက်က အကွက်လေးကို တစ်ချက်လုပ်ပေးသွားဦးနော်။ ပြီးမှပြန်။ "
ညနေစောင်းပြီဖြစ်သလို ကိုယ့်ပေးထားသည့် အလုပ်အကုန်လုပ်ပေးပြီးပေမယ့် မရင်မြက ထုံးစံအတိုင်း ရသလောက် မတန်မဆခိုင်းသည့် အကျင့်ရှိသလို ခါတိုင်းဆို ပန်းဖူးကလဲ လုပ်ပေးပါသည်။ ခုကျ မိန်းမသဘာဝ ဓမ္မတာကလာနေသဖြင့် ခါးကကိုက်နေသလို ကိုယ်တွေလက်တွေက မလှုပ်ချင်။ နွေးနွေးထွေးထွေးနေဖို့နေနေသာသာ လယ်ထဲဆင်းနေရတော့ ရေကခြေထောက်မှာ အမြဲစိုနေသဖြင့် ပို၍ ကိုက်ခဲသည်။
" အမလေးဟယ်....ဒါလေး ခိုင်းတာကို ရုပ်က ဖြစ်ပျက်သွားလိုက်တာ။ ပိုက်ဆံကျ ယူချင်ကြတယ်။ "
ပန်းဖူး မျက်နှာလေးမကောင်းသလို နဖူးတွင် ချွေးစေးတွေက စို့နေ၏။ မသန်းက ပန်းဖူးကိုကြည့်ရင်း...
" မရင်မြကလဲ....ကျုပ်တို့ကိုချပေးတဲ့ အလုပ်အကုန်ပြီးပြီဟာ။ တခြားလယ်တွေ ဘယ်သူမှ ဒီလိုမခိုင်းဘူး။ "
မရင်မြက တဘီပြင်ဝတ်ရင်းမှ မသန်းနားရောက်လာသလို မျက်နှာထားတင်းတင်းဖြင့် ေပြန်ပြောလာသည်။
" ဒါဆိုလဲ အဲ့လယ်တွေသွားလုပ်လေအေ့.....မလုပ်ချင် မလာကြနဲ့.....ငကန်းသေငစွေပေါ်တယ်အေ့ နားလည်ထား။ "
မသန်း ပါးစပ်တပြင်ပြင်ရှိပေမယ့် ရှိသည့်နေ့စားခအလုပ်လေး ပျောက်သွားမှာစိုးတာမို့ ပန်းဖူးကို သနားသလို လှမ်းကြည့်ကာ ဒေါသကိုမနည်းထိန်းလိုက်ရသည်။
" ပန်းဖူး ငါတို့ စောင့်ပေးရမလား။ "
ပန်းဖူး အားနာသလို ခေါင်းလေးခါပြရင်း ထွက်သွားသည့် မသန်းတို့ကိုကြည့်ကာ လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။ မသန်းတို့က ပွစိပွစိဖြင့် အချင်းချင်းပြောကာ ပြန်လာကြတော့ လမ်းတစ်ဝက်မှာ ဆိုင်ကယ်ကြီးဖြင့် လာကြိုသည့် မြကြည်သာနှင့်တိုး၏။ သူတို့အုပ်စုကိုကြည့်ရင်းမှ သူ့ရည်းစားမတွေ့တော့ ဆိုင်ကယ်ကြီးပေါ်ကမဆင်း ခွထိုင်လျက်သားကနေ မေးလာသည်။
" အစ်မသန်း.....ခင် ရောဗျ ။ ကျုပ်က တမနက်လုံး ငါးသွားစမ်းနေလို့....သူ ဒီနေ့ နေကောင်းမှာမဟုတ်ဘူးရယ်။ မသန်းတို့နဲ့ လယ်ထဲဆင်းတာ မဟုတ်ဘူးလား။ "
YOU ARE READING
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romanceတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....