💗 ဆေးမင်ရည်စုတ်ထိုး 💗
Part - 16" မဟုတ်သေးပါဘူး ကြည်သာရယ်.....ပန်းဖူးရဲ့ မိဘတွေလေဟယ်။ နင့်ယောက္ခမတွေ မဟုတ်လား။ "
" ဟုတ်သားပဲ ယောက်ဖရာ....."
ခြံဝိုင်းထဲရှိ ကွပ်ပျစ်ပေါ်ထိုင်ရင်း ဝိုင်းနားချကြပေမယ့် မြကြည်သာက အင်းမလှုပ်အဲမလှုပ် ။ ပန်းဖူးက အတိတ်မေ့နေသည်ဆိုတော့ ဟိုပြန်ရောက်ပြီး သတိပြန်ရသွားရင်ရော....သူ့ကို လက်မခံရင် သူပဲရင်ကျိုးရမှာပင်။
" ဟဲ့.....ပြောနေတယ်လေ.... လိုက်တွေ့ပါစေသားရယ်။ သား စိတ်မချရင် လိုက်သွားပေါ့။ "
" ခင်ကလဲ မသွားချင်ဘူး ပြောနေတာကို အမေတို့အဘတို့ကလဲ တစ်မျိုးဗျာ။ "
" ပန်းဖူးက နင့်အကြောင်းသိလို့လေ။ နင့်ပုံစံက မျက်နှာရှစ်ခေါက်ချိုးနဲ့ကို သူ့ခမျာ ဘယ်ပြောထွက်ပါ့မလဲ။ ပြီးတော့ ပန်းဖူးအဖေက နေအတော်မကောင်းဘူးတဲ့.....နောက်မှ အဲ့ကလေးမ နောင်တရပြီး နင့်စိတ်နာနေမယ်။ "
ဒေါ်ညွန့်ကြည် ထောက်ပြလိုက်သည့် စကားကြားတော့ မြကြည်သာ မျက်နှာကြီးက ညှိုးလျော်ကျသွားရသည်။ တစ်ချက်ငြိမ်ကျသွားရင်းမှ သက်ပြင်းရှည်ကြီးချကာ အိမ်ထဲအလုပ်လုပ်နေသည့် ပန်းဖူးကို ငေးငေးလေးလှမ်းကြည့်နေ၏။
သူ တကယ်ပဲ အတ္တကြီးနေမိသလား။
သူ့အတွက်ပဲ သူကြည့်နေမိသလား။
ခင်ပွန်းကောင်းတစ်ယောက်ရော ဖြစ်နေပါရဲ့လား။
သူ ချစ်လို့ယူထားတဲ့ မိန်းမကို အချစ်ဆိုတာအကြောင်းပြပြီး နိုင်စားမိနေပြီထင်ပါရဲ့။ပန်းဖူး အခန်းလေးထဲရှိ အိပ်ယာထက်ထိုင်ကာ အဝတ်တွေခေါက်သိမ်းနေစဥ် အခန်းထဲဝင်လာသည့် သူ့ကို မြင်လိုက်ရသဖြင့် တစ်ချက်လှမ်းကြည့်မိသည်။ နေ့လည်ကလဲ အလုပ်သာလုပ်နေတာ တစ်ချိန်လုံး အတွေးကလွန်နေသည်။ ပန်းဖူးအဖေက နေမကောင်းဘူးတဲ့လေ.....ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ တွေ့ဖူးချင်တာတော့ အမှန်ပင်။
" ခင်....."
" ဟင်....."
" အဝတ်တွေထည့်ထား.....ရန်ကုန်လိုက်သွားကြည့်ရအောင်။ "
" ဟမ်! "
ပန်းဖူး ကြောင်နနလေးဖြစ်သွားရသလို အခန်းထဲမှ ခပ်တည်တည်ပြန်ထွက်သွားသည့် သူ့ကို နားမလည်သလို လိုက်ကြည့်မိသည်။ သဘောပေါက်သွားမှ ပြုံးလိုက်မိသလို ခေါင်းလေးခါယမ်းရင်း ခစ်ခနဲရယ်မိ၏။
KAMU SEDANG MEMBACA
ဆေးမင်ရည်စုတ်ထိုး ( Complete)
Romansaတောမှ လူပျိုသိုး မြကြည်သာ တစ်ယောက် နှင်းဆီပန်းဖူးဆိုသော မိန်းကလေးတစ်ယောက်နှင့်ရည်ငံသောအခါ.....